က်ိဳင္းတံုၿမိဳ႕ နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားေနထိုင္ရာ အေဆာင္တြင္ ဆိုင္ကယ္ (၃)စီးခိုးယူခံရ

က်ိဳင္းတံုၿမိဳ႕ နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားေနထိုင္ရာ အေဆာင္တြင္ ဆိုင္ကယ္ (၃)စီးခိုးယူခံရ
ဇူလိုင် 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မိုင္းယန္းလမ္းရပ္ကြက္(၄)၊ ကန္နားပူလြယ္ရိွ နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ား ေနထိုင္ရာအေဆာင္တြင္ ဆိုင္ကယ္ (၃) စီးကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၈) ရက္ေန႔ နံနက္ (၂) နာရီ၀န္းက်င္ခန္႔က ခိုးယူခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"အေဆာင္မွာေပ်ာက္သြားတာဗ်။ မနက္ (၂) နာရီေလာက္ေပါ့။ အေဆာင္မွာ CCTV မရိွဘူး။ ေဘးအိမ္မွာရိွတယ္။ ကၽြန္ေတာ္တို႔ သြားၾကည့္ၾကည့္ေတာ့ VEGO လိုကားတစ္စီးျဖတ္သြားတာေတာ့ ေတြ႕ရတယ္"ဟု ဆိုင္ကယ္ေပ်ာက္ဆံုးသြားသည့္ နည္းပညာတကၠသိုလ္ေက်ာင္းသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္ (၃) စီးတြင္ R15 အမ်ိဳးအစားဆိုင္ကယ္ (၁) စီးႏွင့္ Wave 110 ဆိုင္ကယ္ (၂) စီးတို႔ ခိုးယူခံခဲ့ရၿပီး အဆိုပါအေဆာင္တြင္ နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ား ငွားရမ္းေနထိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္မ်ားအား လာေရာက္ေရာင္းခ်၍ ျဖစ္ေစ၊ လမ္းတြင္ ေတြ႔ရွိရ၍ ျဖစ္ေစ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေတြ႔ရွိရပါက ဖုန္း ၀၉ ၈၉၉၇၅၈၆၅၅ ႏွင့္ ၀၉ ၂၅၀၄၇၆၇၆၄ သို႔ ဆက္သြယ္အေၾကာင္းၾကားေပးႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းယန်းလမ်းရပ်ကွက်(၄)၊ ကန်နားပူလွယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ နေထိုင်ရာအဆောင်တွင် ဆိုင်ကယ် (၃) စီးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၂) နာရီဝန်းကျင်ခန့်က ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အဆောင်မှာပျောက်သွားတာဗျ။ မနက် (၂) နာရီလောက်ပေါ့။ အဆောင်မှာ CCTV မရှိဘူး။ ဘေးအိမ်မှာရှိတယ်။ ကျွန်တော်တို့ သွားကြည့်ကြည့်တော့ VEGO လိုကားတစ်စီးဖြတ်သွားတာတော့ တွေ့ရတယ်"ဟု ဆိုင်ကယ်ပျောက်ဆုံးသွားသည့် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ် (၃) စီးတွင် R15 အမျိုးအစားဆိုင်ကယ် (၁) စီးနှင့် Wave 110 ဆိုင်ကယ် (၂) စီးတို့ ခိုးယူခံခဲ့ရပြီး အဆိုပါအဆောင်တွင် နည်းပညာတက္ကသိုလ်ကျောင်းသားများ ငှါးရမ်းနေထိုင်နခြေင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်များအား လာရောက်ရောင်းချ၍ ဖြစ်စေ၊ လမ်းတွင် တွေ့ရှိရ၍ ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိရပါက ဖုန်း ဝ၉ ၈၉၉၇၅၈၆၅၅ နှင့် ဝ၉ ၂၅၀၄၇၆၇၆၄ သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net