Covid 19 ကြောင့် ရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းလိုက်သည့်အတွက် ထုတ်ပြီးထားသေ ာမျှောများကို သက်တမ်းတိုးပေးမည်Covid 19 ကြောင့် ရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းလိုက်သည့်အတွက် ထုတ်ပြီးထားသေ ာမျှောများကို သက်တမ်းတိုးပေးမည်

Covid 19 ကြောင့် ရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းလိုက်သည့်အတွက် ထုတ်ပြီးထားသေ ာမျှောများကို သက်တမ်းတိုးပေးမည်Covid 19 ကြောင့် ရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းလိုက်သည့်အတွက် ထုတ်ပြီးထားသေ ာမျှောများကို သက်တမ်းတိုးပေးမည်
ဧပြီ 23, 2020
By Tachileik News Agency
Covid 19 ကြောင့် ရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းလိုက်သည့်အတွက် ထုတ်ပြီးထားသေ ာမျှောများကို သက်တမ်းတိုးပေးမည်

မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက်တွင်းတိမ်လုပ်ကွက်များမှထွက်ရှိသော ရေနံစိမ်းများ သယ်ယူပို့ ဆောင်နိုင်ရန် မျှောများထုတ်ပြီးထားသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းလိုက်သဖြင့် ထုတ်ပြီးထားသောမျှောများကို သက်တမ်းတိုး ပေးမည်ဖြစ်ကြောင်း သိရသည်။

“ချက်ဖိုအများစုရှိတဲ့ စစ်ကိုင်းတိုင်း မုံရွာ ကျောက္ကာက ရေနံချက်ဖိုဇုံကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ယာယီ ပိတ်လိုက်တယ်။ ကျွန်တော်တို့ဆီမှာ မနေ့ကပဲ ရေနံသယ်ယာဉ်(၅၆)စီးစာတောင် မျှောတွေကို လက်မှတ်ထိုး ပြီးသွားပြီ။ ဒါ့ကြောင့် အခွန်ငွေသွင်းပြီးဖြစ်တဲ့မျှောတွေအတွက် ထွက်လို့ရတဲ့အချိန်ကျမှ ထွက်နိုင်အောင် သက်တမ်းတိုးပေးရမှာပေါ့။ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့မှာရှိတဲ့ချက်ဖိုတွေက လက်ခံတယ်ဆိုရင်တော့ ထွက်နိုင်အောင်လို့ မျှောထုတ်ပေးသွားမှာပါ”ဟု မကွေးတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းတိမ်လုပ်ကွက်မှထွက်ရှိသော ရေနံများကို စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ် ကောက္ကာကျေးရွာအုပ်စုအတွင်းရှိ ဒေသန္တရရေနံချက်ဖိုများဆီသို့ ပို့ဆောင်ရာတွင် ရေနံသယ်ဆောင်ခွင့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မျှောစာဖြင့် တင်ပို့ခွင့်ပြုခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ကိုင်းတိုင်းအတွင်းရှိ ချက်ဖိုလုပ်ငန်းများအား ဧပြီလ(၂၀)ရက်နေ့မှ မေလ(၃၁)ရက်နေ့ အထိ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်သဖြင့် ရေနံတင်ပို့နိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်။

 Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~