COVID-19 ကူးခံရမည်ကို စိုးရိမ်၍ သွေးလှူဒါန်းမှုလျော့လာသဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံတွင် နေ့စဉ်သွေးလိုအပ်ချက်ရှိနေ

COVID-19 ကူးခံရမည်ကို စိုးရိမ်၍ သွေးလှူဒါန်းမှုလျော့လာသဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံတွင် နေ့စဉ်သွေးလိုအပ်ချက်ရှိနေ
ဧပြီ 26, 2020
By Tachileik News Agency
COVID-19 ကူးခံရမည်ကို စိုးရိမ်၍ သွေးလှူဒါန်းမှုလျော့လာသဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံတွင် နေ့စဉ်သွေးလိုအပ်ချက်ရှိနေ

မကွေးမြို့ရှိ တိုင်းပြည်သူ့ဆေးရုံတွင် သွေးလှူဒါန်းသူများက COVID 19 ကူးစက်ခံရမည်ကို စိုးရိမ်၍ သွေးလှူဒါန်းမှုလျော့လာရာ ဆေးရုံတွင် သွေးလိုအပ်မှုမြင့်နေကြောင်း သိရသည်။

မကွေးတိုင်းဆေးရုံကြီးမှာက လူနာတက်ရောက်မှုအများဆုံး၊ သွေးလိုအပ်မှုအများဆုံးဆေးရုံကြီးဖြစ်ပါ တယ်။ ပုံမှန်အခြေအနေမှာလည်း သွေးလိုအပ်ချက်က ရှိနေတယ်ဆိုပေမဲ့ အခုလိုမျိုး COVID-19 ကာလမှာတော့ ပိုပြီးတော့ လိုအပ်ချက်ရှိလာပါတယ်။ အိမ်ပြင်မထွက်ရတော့တာတွေ၊ ဆေးရုံမှာ သွေး လာလှူရင် ရောဂါပိုးကူးစက်မှာကြောက်တဲ့အနေအထားတွေကြောင့် သွေးလှူရှင်တွေအနေနဲ့ လာမ လှူရဲကြဘူးဖြစ်နေကြတာမျိုးတွေရှိပါတယ်

ဟု မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မြတ်စိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သွေးဘဏ်၌ ပိုးသန့်စင်ခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်နေသဖြင့် စိုးရိမ်စရာမရှိသော်လည်း  သွေးလှူဒါန်းသူများအနေဖြင့် စိုးရိမ်စိတ်လျော့ပါးစေရန် ဆေးရုံနှင့်နီးစပ်သည့်နေရာတစ်ခုတွင် သွေးလှူနိုင်သည့်နေရာတစ်ခု စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သွေးလှူရှင်တွေ စိတ်ဖြောင့်ဖြောင့်သွေးလှူလို့ရဖို့အတွက် နေ့စဉ် ဟိုက်ပိုကလိုရိုဒ်နဲ့ ပိုးသန့် စင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။ COVID-19 စောင့်ကြည့်လူနာတွေထားတဲ့နေရာကလည်း ပင်မဆေးရုံကြီးနဲ့ ခွဲခြားပြီး သီးသန့်ရှိနေတဲ့ ငါးထပ်ဆောင်မှာ ထားရှိတာဖြစ်လို့ သွေးလှူရှင်တွေ အနေနဲ့ စိတ်လုံခြုံစွာ သွေးလှူနိုင်ကြမှာဖြစ်ပါတယ်။ သို့သော်လည်း သွေးလှူရှင်များရဲ့ ဆန္ဒအရ ဒီဆေးရုံနဲ့ အနီးဆုံးတစ်နေရာစီစဉ်ပေးပြီး လှူချင်တယ်ဆိုရင် COVID ကာလမှာတော့ ဖြစ်အောင်စီစဉ် ပေးသွားဖို့ ရှိပါတယ်

ဟု ရောဂါဗေဒဌာနမှ အထူးကုဆရာဝန် ဒေါက်တာကျော်စိုးထွန်းက ပြောသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၏ သွေးအသုံးမှာ (၃)လအတွင်း သွေးပုလင်း (၅၀၀) မှ (၆၀၀) အကြားတွင်ရှိပြီး လူနာများအတွက် သွေးလိုအပ်ချက်မြင့်မားသည့် ဆေးရုံတစ်ခုဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~