မိုင်းဖြတ်မြို့နယ်တွင် COVID 19 ကာလအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလိုသူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပျိုးပင်များ အခမဲ့ဖြန့်ဝေနေ

မိုင်းဖြတ်မြို့နယ်တွင် COVID 19 ကာလအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလိုသူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပျိုးပင်များ အခမဲ့ဖြန့်ဝေနေ
ဧပြီ 11, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်တွင် COVID 19 ကာလအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပျိုးပင်များ အခမဲ့ဖြန့်ဝေနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် COVID 19 ကာလအတွင်း နေအိမ်တွင် တတ်နိုင်သမျှ နေထိုင်နေစဉ်အတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဟင်းသီးဟင်းရွက်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးနေကြောင်း သိရသည်။

တစ်အိမ်ထောင်စာ စိုက်လို့ရအောင် လာယူလို့ရပါတယ်။ တောင်သူတွေ အခုလိုအချိန်မှာ ဈေးသွားရလွတ်အောင် တစ်နိုင်တစ်ပိုင် စိုက်လို့ရအောင် ကူညီချင်တာဆိုတော့ အများကြီးတော့ ပေးလို့မရဘူးပေါ့။ အမြန်စိုက်ပျိုးလို့ရတဲ့ သီးနှံလေးတွေ ဖြန့်ပေးတာပါ။ စိုက်ပျိုးရေးရုံးမှာ လာယူလို့ရပါတယ်။ ကျွန်တော်တို့ လက်ရှိပျိုးထားပြီး အပင်တွေရှိသလို ဆက်ပြီးတော့လည်း ပျိုးထောင်ပြီး ဖြန့်နိုင်အောင် လုပ်နေပါတယ်

ဟု  စိုက်ပျိုးရေးဦးစီးဌာနမှ မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စားသုံးသီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် လူစုလူဝေးရှိရာ ဈေးသို့သွားရောက်ခြင်းကို လျှော့ချနိုင်ရန် ယင်းကဲ့သို့ စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်းမှ တောင်သူများအနေဖြင့် စားသုံးသီးနှံပင်များ ရယူစိုက်ပျိုးလိုပါက မိုင်းဖြတ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဖုန်း ၀၈၄ ၆၃၁၀၇၊ ၀၉ ၄၂၈၂၂၀၆၇၇ တို့သို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~