ရေမြောင်းများနှင့် ချောင်းများတွင် အမှိုက်မပစ်ကြရန် တာချီလိတ်စည်ပင် မေတ္တာရပ်ခံ

ရေမြောင်းများနှင့် ချောင်းများတွင် အမှိုက်မပစ်ကြရန် တာချီလိတ်စည်ပင် မေတ္တာရပ်ခံ
ဒီဇင်ဘာ 28, 2019
By 🌸

ရေမြောင်းများနှင့် ချောင်းများတွင် အမှိုက်မပစ်ကြရန် တာချီလိတ်စည်ပင် မေတ္တာရပ်ခံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းက မိုးခဏရွာသွန်းချိန်အတွင်း  မြို့တွင်းဖြတ်စီးသည့် ချောင်းများ၌ အမှိုက်များမျောပါလာ၍ ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရန် ရှင်းလင်းထားရပြီး ချောင်းအတွင်း အမှိုက်မပစ်ကြရန် စည်ပင်သာယာရေးဌာနက မေတ္တာရပ်ခံထားသည်။

"ဝမ်ကောင်းဈေးနောက်ကျော နတ်စင်ကနေ JMy King နောက်အထိ ရှင်းထားတယ်။ စည်ပင်ဝန်ထမ်းတွေနဲ့အတူ J My King က ဝန်ထမ်းတွေ ကူရှင်းပေးတယ်။ မိုးရာွပြီးတော့ အမှိုက်တွေတင်ကျန်နေတာမဖြစ်အောင် ရှင်းလိုက်တာပါ။ ရွှေနဒီချောင်းထဲလည်း ရှင်းဖြစ်တယ်။ မိုးရွာတုန်း ရှင်းလိုက်တာပါ။ ပြည်သူတွေအနေနဲ့လည်း ချောင်းထဲကို အခုလို အမှိုက်တွေ စည်းမဲ့ကမ်းမဲ့မစွန့်ပစ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"

ဟု မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း နမ့်ယွန်းချောင်းနှင့် ရွှေဝါနဒီချောင်းများတွင် မိုးရွာသွန်းသည့် ရေစီးနှင့်အတူ ချောင်းအတွင်း အမှိုက်များပါလာ၍ ပိတ်ဆို့မှုမဖြစ်စေရန် ရှင်းလင်းဖယ်ရှားထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများရှိနေ၍ စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့် လူထုပူးပေါင်း အမှိုက်ကောက်သည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ (၁) နှစ်စီမံချက်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓါတ်ပုံ - စည်ပင်သာယာရေးဌာန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~