ကျောက်မဲမြို့ ရန်ကင်းဓမ္မာရုံဆွမ်းတော်ကြီးကပ်ပွဲအထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပ

ကျောက်မဲမြို့ ရန်ကင်းဓမ္မာရုံဆွမ်းတော်ကြီးကပ်ပွဲအထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပ
အောက်တိုဘာ 14, 2019
By Tachileik News Agency
ကျောက်မဲမြို့ ရန်ကင်းဓမ္မာရုံဆွမ်းတော်ကြီးကပ်ပွဲအထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ရန်ကင်းရပ်ရှိ ရန်ကင်းဓမ္မာရုံကြီး၏ (၅၉)ကြိမ်မြောက် ဝါကျွတ် ဆွမ်းတော်ကြီးကပ်ပွဲ အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့မှ အောက်တိုဘာလ (၁၄)ရက်နေ့ အားကစားပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနေသည်။

Small Goal ဘောလုံးပြိုင်ပွဲများနှင့် ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပနပြေီး Small Goal ဘောလုံးပြိုင်ပွဲတွင် အကြီးတန်းတွင် အသင်း (၂၅) သင်း၊ အငယ်တန်းတွင် အသင်း (၉) သင်းတို့ ပါဝင်ယှဉ်ပြိုင်နခြေင်းဖြစ်သည်။

အကြီးတန်းအသင်းတွင် ပထမဆု ဆုကြေးငွေ ကျပ် (၁၅၀၀၀၀)၊ ဒုတိယဆု ကျပ် (၁၀၀,ဝဝဝ)၊ တတိယဆု ကျပ် (၅၀,ဝဝဝ) အငယ်တန်းအသင်းတွင် ပထမဆု ကျပ် (၁၀၀,ဝဝဝ)၊ ဒုတိယဆု ကျပ် (၅၀,ဝဝဝ)နှင့် တတိယဆု ကျပ် (၃၀,ဝဝဝ) အသီးသီးချီးမြှင့်ခြင်းဖြစ်သည်။

ရန်ကင်းဓမ္မာရုံ၏ (၅၉) ကြိမ်မြောက် ဝါကျွတ်ဆွမ်းတော်ကြီးကပ်ပွဲအား အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ်(၁)နာရီခွဲတွင်စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်အထိမ်းအမှတ်အဖြစ် ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲ၊ သံပုံးတီးပွဲ၊ မုန့်စားပွဲများ ထည့်သွင်းကျငး်ပမည်ဖြစ်သည်။

ယင်းနောက် အောက်တိုဘာလ (၁၅) ရက်နေ့တွင်လည်း အမှတ် ( ၂ ) ရပ်ကွက်ရှိ မဟာရန်အောင်မြင် စေတီ၏ ( ၄၃ )ကြိမ်မြောက် သပိတ်လောင်းလှူပွဲကျင်းပမည်ဖြစ်ပြီး ကျောက်မဲရှိ ဘုန်းတော်ကြီးကျောင်း (၃၅) ကျောင်းမှ သံဃာတော်အပါး (၃၀၀ ) ကျော်အား သပိတ်ဆွမ်းလောင်းလှူမည်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ထည့်သွင်းကျင်းပ


Small Goal ဘောလုံးပြိုင်ပွဲများနှင့် ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပနေပြီး Small Goal ဘောလုံးပြိုင်ပွဲတွင် အကြီးတန်းတွင် အသင်း (၂၅) သင်း၊ အငယ်တန်းတွင် အသင်း  (၉) သင်းတို့ ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။


ရန်ကင်းဓမ္မာရုံ၏ (၅၉) ကြိမ်မြောက် ဝါကျွတ်ဆွမ်းတော်ကြီးကပ်ပွဲအား အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ်(၁)နာရီခွဲတွင်စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်အထိမ်းအမှတ်အဖြစ် ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲ၊ သံပုံးတီးပွဲ၊ မုန့်စားပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။


Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net