ကာတာနိုင်ငံက ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ စုစုပေါင်း (၂၉၀)ဦးအထိ ရှိလာ

ကာတာနိုင်ငံက ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ စုစုပေါင်း (၂၉၀)ဦးအထိ ရှိလာ
ဇွန် 21, 2020
By Tachileik News Agency

ကာတာနိုင်ငံက ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ စုစုပေါင်း (၂၉၀)ဦးအထိ ရှိလာ

ကာတာနိုင်ငံမှပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် နှင့် မရမ်းကုန်းမြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားသူများထဲက အမျိုးသား(၃) ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့ ည(၈)နာရီအထိ  အတည်ပြုလူနာ စုစုပေါင်း (၂၉၀)ဦး ရှိပြီဖြစ်သည်။

ပိုးတွေ့သူ (၃)ဦးသည် အသက်(၂၃)နှစ်မှ (၃၅)နှစ်အရွယ်များရှိ အမျိုးသားများ ဖြစ်ကြပြီး  ၎င်းတို့သည် လက်ပံတန်း နှင့် လယ်ဝေးမြို့နယ် အပါအဝင် ကျောက်တံတားမြို့နယ်တို့တွင် နေထိုင်သူများ  ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇွန်လ(၂၁)ရက်နေ့ ည(၈)နာရီအထိ ကူးစက်ခံရသူ (၂၉၀)ဦး ရှိနေရာ ပိုးမတွေ့တော့၍ သက်သာလာသူများမှာ (၂၀၀)ဦးရှိပြီး သေဆုံးသူမှာ (၆)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~