ကျောက်မဲမြို့တွင် တရုတ်နိုင်ငံက ပြန်လာသူ အမျိုးသားတစ်ဦးကို ဆေးရုံတွင် ခေါ်ယူ စောင့်ကြည့်ထား

ကျောက်မဲမြို့တွင် တရုတ်နိုင်ငံက ပြန်လာသူ အမျိုးသားတစ်ဦးကို ဆေးရုံတွင် ခေါ်ယူ စောင့်ကြည့်ထား
ဧပြီ 4, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် တရုတ်နိုင်ငံက ပြန်လာသူ အမျိုးသားတစ်ဦးကို ဆေးရုံတွင် ခေါ်ယူ စောင့်ကြည့်ထား

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူတစ်ဦး နေအိမ်တွင် (၁၄)ရက်သီးခြားနေထိုင်စဉ် လက်တွင် သံစူးသည့်ဒဏ်ရာဖြင့် ကိုယ်အပူချိန်တက်လာ၍ ဆေးရုံတွင် သီးခြားစောင့်ကြည့်ရန် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ ညပိုင်းက ခေါ်ဆောင်ထားကြောင်း သိရသည်။

အဲဒီတစ်ဦးက သံသယစောင့်ကြည့်ထဲ မပါပါဘူး။ ပထမဆုံး Hospital Quarantine အဖြစ် သီးသန့်ထား ရှိ စောင့်ကြည့်သွားမှာဖြစ်ပါတယ်

ဟု ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မိုးထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသားသည် တရုတ်နိုင်ငံတွင် အလုပ် လုပ်ကိုင်နေရာမှ ပြန်ရောက်လာသဖြင့် နေအိမ်တွင် (၁၄)ရက် သီးခြားစောင့်ကြည့်နေထိုင်နေစဉ် လက်တွင် သံစူးသည့်ဒဏ်ရာရသဖြင့် ကိုယ်အပူချိန်အ နည်းငယ မြင့်လာကြောင်း အကြောင်းကြားသဖြင့် လူနာတင်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ထားခြင်းဖြစ်သော်လည်း သံသယလက္ခဏာများ မတွေ့ရသဖြင့် ဆေးရုံ၌ (၁၄)ရက်သီးခြားနေထိုင်ရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာများ စတင်တွေ့ရသည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့မှ ဧပြီလ (၂)ရက်နေ့အထိ ဓါတ်ခွဲစစ်ဆေးခဲ့သူများအနက် (၁)ဦးကို အတည်ပြုတွေ့ထားပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~