ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများအားလုံး မေလ(၁၅)ရက်နေ့အထိ ပိတ်ထားရမည်

ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများအားလုံး မေလ(၁၅)ရက်နေ့အထိ ပိတ်ထားရမည်
ဧပြီ 26, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများအားလုံး မေလ(၁၅)ရက်နေ့အထိ ပိတ်ထားရမည်

ရှမ်းပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာအားလုံး ၂၀၂၀ ခုနှစ်၊ မေလ (၁၅)ရက်နေ့အထိ  ဧည့်သည်အသစ် ထပ်မံလက်ခံခွင့်မပြုဘဲ ဆက်လက်ပိတ်ထားကြရမည်ဖြစ်ပြီး  နိုင်ငံတွင်းပိတ်မိနေ၍  တည်းခိုခွင့်ပြုထားသည့် နိုင်ငံခြားသားများကို ဆက်လက်တည်းခိုခွင့်ပြုထားကြောင်း သိရသည်။

“သူတို့က ဧပြီလကုန်အထိ နေမယ်လို့တင်ထားတယ်။  ဒါကို သူတို့ဘယ်မှမထွက်ဘဲ နေထိုင်သွားဖို့၊  စောင့်ကြည့်ပေးဖို့ အစိုးရက ညွှန်ကြားထားတယ်။ သူတို့ကလည်း ဒီမှာနေရတာ လုံခြုံတဲ့သဘောရှိနေတဲ့အခါ ဆက်နေကြတယ်။ ဆက်နေတော့ ဥပဒေအရ သူတို့ရဲ့ဗီဇာသက်တမ်း  ကုန်တာတွေအတွက် ဒဏ်ငွေတော့ရှိတယ်။ အဲဒါတွေကိုလည်း ပေးမယ်လို့ သူတို့ပြောတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့တွင် ပြောသည်။

ပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများအားလုံး ဧပြီလ (၇)ရက်နေ့မှစ၍ ဧပြီလ (၂၁)ရက်နေ့အထိ ဧည့်သည်အသစ်လက်ခံခြင်းမပြုဘဲ  ပိတ်ထားကြရန် ပြည်နယ် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ဧပြီလ (၆)ရက်နေ့က ညွှန်ကြားပြီး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ တာဝန်ရှိသူများအနေဖြင့် ဝန်ခံကတိလက်မှတ် ရေးထိုးစေခြင်းဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်ကို မေလ (၁၅)ရက်နေ့အထိ ကာလထပ်တိုးလိုက်ခြင်းဖြစ်သည်။

ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ ပိတ်ထားပြီး ဧည့်သည်အသစ် လက်မခံရန်ဖြစ်သော်လည်း Quarantine စနစ်အရ ပြန်လည်မထွက်ခွာနိုင်သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များကို ဆက်လက်တည်းခိုခွင့်ပြုထားခြင်းဖြစ်ရာ တာချီလိတ်တစ်မြို့တည်းတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား (၅၀၀)ကျော်ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~