စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပအိုဝ်းတမျိုးသားလုံး အတူလက်တွဲ ဖော်ဆောင်ပေးကြရန်  PNLO/PNLA က အသိပေး တိုက်တွန်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပအိုဝ်းတမျိုးသားလုံး အတူလက်တွဲ ဖော်ဆောင်ပေးကြရန်  PNLO/PNLA က အသိပေး တိုက်တွန်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဖွဲ့စည်းပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည့် (၇၂)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့၏ ဒီဇင်ဘာလ(၁၁)ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတည်ဆောက်နိုင်ရေးအတွက်  ပအိုဝ်းတမျိုးသားလုံး  အတူလက်တွဲဖော်ဆောင်ပေးကြရန် PNLO/PNLA က အသိပေး တိုက်တွန်းလိုက်သည်။

"စစ်အာဏာရှင်စနစ် အပါအဝင် စစ်အာဏာရှင် အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေပြီး ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတည်ဆောက်နိုင်ရေးအတွက် အမျိုးသားတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပအိုဝ်းအမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီများ၊ စာပေယဉ်ကျေးမှုနှင့်လူငယ်အမျိုးသမီး စသည့် ပအိုဝ်းအရပ်ဖက်လူ့အဖွဲ့အစည်းများ အပါအဝင် ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးအနေဖြင့် ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲဖော်ဆောင်ပေးကြပါရန်" တိုက်တွန်းထားခြင်း ဖြစ်သည်။