တာချီလိတ်မြို့ရှိ မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက် (၁)ဦးထံက ပိုးတွေ့

တာချီလိတ်မြို့ရှိ မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက် (၁)ဦးထံက ပိုးတွေ့
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက် (၁)ဦးထံက ပိုးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် မယ်ယန်းကျန်းမာရေးစစ်ဆေးရေးစခန်းတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းက ဝင်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရကြောင်း သိရသည်။
ကုန်တင်ယာဉ်မှာ မည်သည့်ဒေသက လာသည်ကို ကျန်းမာရေးနှင့် သက်ဆိုင်ရာက မေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့အဝင် မယ်ယန်းဂိတ်၌ တာချီလိတ်မြို့တွင်းဝင်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား တစ်နေ့လျှင် (၂)ကြိမ် စစ်ပေးနေရာ နိုဝင်ဘာလ (၂၉) ရက်နေ့ကလည်း ရန်ကုန် - တာချီလိတ်ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်း (၁) ဦးတွင်လည်း COVID 19 ပိုးတွေ့သဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ဒေသတွင်းကူးစက်မှုအဖြစ် နိုဝင်ဘာလ (၂၅)ရက်နေ့က စတင်တွေ့ရပြီးနောက် ဒီဇင်ဘာလ (၁) ရက်နေ့အထိ ဒေသတွင်းကူးစက်မှုအဖြစ်တွေ့ရသည့် အတည်ပြုလူနာ (၄၅) ဦးရှိနေပြီး အခြားဒေသမှလာ၍ စစ်ဆေးရာမှ တွေ့ရှိသူ (၄)ဦးရှိနေခြင်းဖြစ်၍ စုစုပေါင်း (၄၉)ဦးအထိ ရှိနေသည်။
Tachileik News Agency
သတင်း- ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~