ဒူဘိုင်းမှ ပြန်လာသည့် သားကို လေဆိပ်တွင် သွားကြိုသည့် မိခင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၍ မြန်မာနိုင်ငံတွင် (၁၆)ဦးမြောက် ကူးစက်ခံရသူ ဖြစ်လာ

ဒူဘိုင်းမှ ပြန်လာသည့် သားကို လေဆိပ်တွင် သွားကြိုသည့် မိခင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၍ မြန်မာနိုင်ငံတွင် (၁၆)ဦးမြောက် ကူးစက်ခံရသူ ဖြစ်လာ
ဧပြီ 1, 2020
By Tachileik News Agency
ဒူဘိုင်းမှ ပြန်လာသည့် သားကို လေဆိပ်တွင် သွားကြိုသည့် မိခင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၍ မြန်မာနိုင်ငံတွင် (၁၆)ဦးမြောက် ဖြစ်လာ

ဒူဘိုင်းမှ ပြန်လာသည့် သားဖြစ်သူကို လေဆိပ်တွင် သွားကြိုသည့် မိခင်အမျိုးသမီး၌ COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ၌ အတည်ပြုလူနာ (၁၆)ဦး ရှိသွားပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဧပြီလ (၁)ရက်နေ့ ည (၇)နာရီခွဲက ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသော လူနာ(၅၆)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ အမျိုးသမီးတွင် ပိုးတွေ့ရပြီး ကျန်လူနာများတွင် ပိုးမတွေ့ရကြောင်း ထုတ်ပြန်သည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သည့် အသက် (၆၃)နှစ်အရွယ်ဖြစ်ပြီး မတ်လ (၁၅) ရက်နေ့က ဒူဘိုင်းမှ ပြန်လာသည့်သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီးနောက် သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်တွင် ခေတ္တတည်းခို နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ မတ်လ (၃၀)ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့  မတ်လ(၃၁) ရက်နေ့တွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၃၁)ရက်နေ့ ညနေ (၆)နာရီမှ ဧပြီလ (၁)ရက်နေ့ ညနေ (၆)နာရီအထိ စောင့်ကြည့်လူနာသစ် (၃၆)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~