အခြေခံ လူတန်းစား အိမ်ထောင်စုများအား စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် အိမ်သုံးမီတာ ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့် ဧပြီလအတွင်း ပေးသွားမည်

အခြေခံ လူတန်းစား အိမ်ထောင်စုများအား စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် အိမ်သုံးမီတာ ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့် ဧပြီလအတွင်း ပေးသွားမည်
ဧပြီ 6, 2020
By Tachileik News Agency

အခြေခံလူတန်းစား အိမ်ထောင်စုများအား စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် အိမ်သုံးမီတာ ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့် ဧပြီလအတွင်း နိုင်ငံတော်က ပေးသွားမည်

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း အစိုးရက စားနပ်ရိက္ခာ ထောက်ပံ့ခြင်းနှင့် ဧပြီလအတွက် အိမ်သုံးလျှပ်စစ်မီတာများကို ယူနစ် (၁၅၀)အထိ အခမဲ့အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈)ပြည်၊ ဆီ (၅၀)သား၊ ဆား (၅၀)သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာစီကို ဧပြီလ (၁၀)ရက်နေ့မှစ၍ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထောက်ပံ့ပေးရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအပြင် နိုင်ငံအတွင်း သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလွဲ၍ အိမ်သုံးမီတာသုံးစွဲခြင်းများကို ယူနစ် (၁၅၀)အထိ မီတာခကင်းလွတ်ခွင့်ကို ဧပြီလကုန်အထိ ခံစားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~