ဘယ်လိုအခြေအနေမှာပဲ ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကို မေ့ထားလို့မရဘူးဆိုတာ

ဘယ်လိုအခြေအနေမှာပဲ ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကို မေ့ထားလို့မရဘူးဆိုတာ
ဖေဖော်ဝါရီ 5, 2021 | Covid-19

သင်သိပါသလား….

ဘယ်လိုအခြေအနေမှာပဲ ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကို မေ့ထားလို့မရဘူးဆိုတာ

COVID 19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မြန်တဲ့ဗီဇကို ပြောင်းလဲလာနိုင်လို့ ကူးစက်ခံရမှုမှ ကာကွယ်ရေးနည်းလမ်းတွေကိုလည်း သတိထားဖို့ လိုနေဆဲပါ။

အပြင်ထွက်ရမယ်ဆိုရင်လည်း ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို သေသေချာချာလေး လုပ်ဆောင်ရင် ပိုစိတ်ချရပါတယ်။

-    Mask ကို စနစ်တကျ ဝတ်ဆင်ပါ

စကာစစ်အပေါက်ပါတဲ့ Mask အမျိုးအစားများကို ရှောင်ပါ။ ဆေးရုံသုံး N95 mask များကို ဆိုဒ်တော်မတော်၊ လေလွတ်မလွတ် သေချာစစ်ဆေးပြီးမှ ဝတ်ပါ။ face shield တပ်တယ်ဆိုပေမဲ့ Mask မတပ်ရင် မကာကွယ်နိုင်ပါဘူး။ အများသူငါအတွက် Surgical Mask က အကောင်းဆုံးပါ။ အလွှာ (၃) လွှာပါတဲ့ Mask အမျိုးအစားကို ရွေးချယ်ပါ။ နှာခေါင်းအပေါ်က သံချောင်းကိုဖိပြီး လွတ်မနေအောင် ဝတ်ပါ။ ဘေးနှစ်ဖက် မလွတ်အောင် ဝတ်ပါ။ နှာခေါင်းမှ မေးစေ့ဖုံးသည်အထိ လုံအောင် ဝတ်ပါ။

- ခပ်ခွာခွာနေပါ

အပြင်ကို ထွက်ရပြီဆိုရင် တတ်နိုင်သမျှ အကွာအဝေးတစ်ခုကနေ ခပ်ခွာခွာလေး နေရင် ကူးစက်မှုကို လျော့ချနိုင်ပါမယ်။

-    လက်ဆေးရည်ဆောင်ထားပါ

အပြင်သွားတိုင်း အယ်လ်ကိုဟော (၆၀) ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည်ဆောင်သွားပြီး တစ်ခုခု  ကိုင်မိပြီးတိုင်း လက်ကိုဆေးပါ။

Mask ကို ချွတ်တပ်လုပ်တိုင်း၊ face shield ကို ဖြုတ်တပ်လုပ်တိုင်း လက်ဆေးပေးပါ။ 

မျက်နှာကို လက်နဲ့မကိုင်မိပါစေနဲ့

- အပြင်က ပြန်ရောက်လာရင် သန့်ရှင်းရေးလုပ်ပါ

အပြင်ကယူလာတဲ့ ပစ္စည်းတိုင်းကို သေချာသန့်ရှင်းရေးလုပ်ပြီးမှ အိမ်ထဲသွင်းပါ။