တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော ဉပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူ

တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော ဉပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူ
ဧပြီ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော ဉပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် KTV၊ Bar ၊ Club များပိတ်ထားရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်ကို ချိုးဖောက်သည့် အတွက် Bar ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်နှင့်အတူ ပါဝင်ဆင်နွှဲသူများကို ထောင်ဒဏ် တစ်နှစ် အထိ ချမှတ်နိုင်သည့် ဉပဒေဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

ဒေသန္တရအမိန့်က ထုတ်ထားပြီးသား ဖြစ်တယ်။ ဒီကာလမှာ ရောဂါကာကွယ်ရေးအတွက် အရေးကြီးနေတဲ့အတွက် ခွင့်ပြုမထားဘူး။ သူတို့ ညနေ (၃)နာရီလောက်က စကျင်းပတယ်လို့ သိရတယ်။ ညနေ (၅)နာရီလောက်မှ ပိတ်သွားတယ်လို့ သိရတယ်။ အခုအားလုံးကို စုံစမ်းဖေါ်ထုတ်ဖို့ ရဲတပ်ဖွဲ့က လုပ်နေပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းက ပြောသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. CRUSH Bar တွင် သင်္ကြန်အကြိုနေ့၌ ကျင်းပသည့် သင်္ကြန်ပါတီပွဲအတွင်း ထိုင်းနိုင်ငံသားလည်း ပါဝင်ကြောင်းသိရပြီး သင်္ကြန်ပါတီတွင် ပါဝင်သူများအားလုံး ဖမ်းဆီးအရေးယူရေးအတွက်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ လဝက နှင့် သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့ပါဝင်သည့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရသည်။

လက်ရှိတွင် သင်္ကြန်ပါတီပွဲတွင် ပါဝင်သူ (၄)ဦးကို ထိန်းသိမ်းစစ်ဆေးနေပြီး ထိုင်းနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပါတီ ဦးဆောင်ကျင်းပသည့် နန်းစမ်မွမ်းနှင့် သင်္ကြန်ပါတီဆင်နွှဲသူများအားလုံးကို တာချီလိတ်မြို့မရဲစခန်းတွင် ဒေသန္တရအမိန့်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၃၀(က)အရ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~