တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာရေးစုံညီပွဲတော် ကျင်းပ

တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာရေးစုံညီပွဲတော် ကျင်းပ
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းက ပညာရေးစုံညီပွဲတော် အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေပိုင်းတွင် အဆိုပါ ကျောင်း၏ ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းက ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏  ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခဲ့ပြီးနောက် တာချီလိတ်ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်းနှင့်မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ  ဦးတင့်ဆွေတို့ ဂုဏ်ပြုစကား ပြောကြားပြီးနောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်စာရေးအသင်းမှ စာစီစာကုံးရေးမည်ဆိုလျှင်ဖြင့် သိမှတ်ဖွယ်ရာ ဗဟုသုတများ စာအုပ် အုပ်ရေး(၁၀၀)ကို အဆိုပါ အသင်း၏ နာယကဖြစ်သူ ဦးစိုးစိုး (သုတစိုးနေ့သစ်)က ပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီး ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ထူးချွန်သူများနှင့် သင်ကြားပေးသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ အကများဖြင့်ဖျော်ဖြေခဲ့ကြသည်။

ဒုတိယပိုင်းဖျော်ဖြေရေးအစီအစဉ်အဖြစ် ညပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသီဆိုမှုနှင့် ကပြဖျော်ဖြေမှုများကို အစီအစဉ် (၃၂) ခုဖြင့်  ဆက်လက်ကျင်းပနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~