အတည်ပြုလူနာ (၅)ဦး ထပ်တွေ့၍ တိုင်းနှင့်ပြည်နယ် (၉)ခု၌ အတည်ပြုလူနာ (၁၄၄)အထိတိုးလာ

အတည်ပြုလူနာ (၅)ဦး ထပ်တွေ့၍ တိုင်းနှင့်ပြည်နယ် (၉)ခု၌ အတည်ပြုလူနာ (၁၄၄)အထိတိုးလာ
ဧပြီ 25, 2020
By Tachileik News Agency

အတည်ပြုလူနာ (၅)ဦး ထပ်တွေ့၍ တိုင်းနှင့်ပြည်နယ် (၉)ခု၌ အတည်ပြုလူနာ (၁၄၄)အထိတိုးလာ

ရန်ကုန်မှ (၃)ဦး၊ ရှမ်းပြည်နယ်မှ (၁)ဦးနှင့် ကချင်ပြည်နယ်မှ (၁)ဦး စုစုပေါင်း အတည်ပြုလူနာ (၅)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ တစ်ရက်တည်းတွင် စစ်ဆေးအဖြေတွေ့၍  အတည်ပြုလူနာတွေ့ရှိသည့် တိုင်းနှင့်ပြည်နယ်  စုစုပေါင်း (၉)ခုရှိသွားပြီဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ည (၁၁)နာရီအချိန် ထုတ်ပြန်ပြီးသည်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၁၅)ဦး၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် မန္တလေးတိုင်းဒေသကြီးတွင် (၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဦး၊  ပဲခူးတိုင်းဒေသကြီးတွင် (၄)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၁)ဦး၊  ချင်းပြည်နယ်တွင် (၅)ဦး၊ ရှမ်းပြည်နယ်တွင် (၇)ဦး၊ မွန်ပြည်နယ်တွင် (၁)ဦးနှင့် ကချင်ပြည်နယ်တွင် (၁)ဦး စုစုပေါင်း အတည်ပြုလူနာ (၁၄၄)ဦးကို တွေ့ရှိထားခြင်းဖြစ်သည်။

ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးမှ လူနာ (၇)ဦး၊  နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီးမှ လူနာ (၂)ဦးမှာ  ဆေးရုံဆင်းခွင့်ရထားပြီး ရန်ကုန်တိုင်းဒေသကြီးမှ လူနာ (၄)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ  လူနာ (၁)ဦးတို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးမှ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)တွင်သာ စစ်ဆေးနေရာမှ ဧပြီလ (၂၃)ရက်နေ့မှစပြီး ဆေးသုတေသနဦးစီးဌာန (DMR) တွင်ပါ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

လက်ရှိတွင် အတည်ပြုလူနာများကို ချင်းပြည်နယ်ရှိ တီးတိန်ဆေးရုံ၊ ရှမ်းပြည်နယ်ရှိ စဝ်စံထွန်းဆေးရုံ၊ လားရှိုးဆေးရုံ၊ ကျိုင်းတုံဆေးရုံနှင့် မူဆယ်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးဆေးရုံ၊ မွန်ပြည်နယ်ရှိ မော်လမြိုင်ဆေးရုံ၊ မကွေးတိုင်းဒေသကြီးရှိ မကွေးဆေးရုံ ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံ၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားဆေးရုံတို့တွင် အသီးသီး ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~