ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
အောက်တိုဘာ 23, 2020
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (Case - 30069) ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တစ်နေ့တာအတွင်း ဒုတိယမြောက် အတည်ပြုလူနာ ဆေးရုံဆင်းခြင်းဖြစ်သည်။
"မိုင်းဆတ်ကလူနာလည်း ဒီနေ့ဆင်းပါပြီ။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဆတ်မှ အတည်ပြုလူနာမှာ မိုင်းတုံမှ အတည်ပြုလူနာကားသမားနှင့် ထိတွေ့မှုရှိ၍ အောက်တိုဘာလ (၁၂) ရက်နေ့၌ စစ်ဆေးရာမှ COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရသော်လည်း ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာအား မိုင်းဆတ်ဆေးရုံ၌ ကုသပေးပြီးနောက် (၁၁)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သော်လည်း နေအိမ်တွင် (၇) ရက် သီးသန့်နေထိုင်ရမည်ဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံနှင့် မိုင်းပျဉ်းတို့တွင် COVID 19 အတည်ပြုလူနာများကို ကုသပေးနေရာ အောက်တိုဘာလ (၂၃) ရက်နေ့၌ မိုင်းတုံနှင့် မိုင်းဆတ်မှ အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်းခွင့်ရသွားခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~