တာချီလိတ်ဘက်မှ မယ်ဆိုင်သို့ Covid-19 ကာလအတွင်း နယ်စပ်ချောင်းမှ တဆင့် ခိုးဝင်လာမှုများရှိနေ၍ ထိုင်းဘက်က သံဆူးကြိုးများ ကာရံကာ ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းအကြိမ်ရေ တိုးမြှင့် ဆောင်ရွက်နေ

တာချီလိတ်ဘက်မှ မယ်ဆိုင်သို့ Covid-19 ကာလအတွင်း နယ်စပ်ချောင်းမှ တဆင့် ခိုးဝင်လာမှုများရှိနေ၍ ထိုင်းဘက်က သံဆူးကြိုးများ ကာရံကာ ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းအကြိမ်ရေ တိုးမြှင့် ဆောင်ရွက်နေ
ဇူလိုင် 7, 2020
By Tachileik News Agency
တာချီလိတ်ဘက်မှ မယ်ဆိုင်သို့ Covid-19 ကာလအတွင်း နယ်စပ်ချောင်းမှ တဆင့် ခိုးဝင်လာမှုများရှိနေ၍ ထိုင်းဘက်က သံဆူးကြိုးများ ကာရံကာ ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းအကြိမ်ရေ တိုးမြှင့် ဆောင်ရွက်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းက တဆင့် တာချီလိတ်ကနေ မယ်ဆိုင်သို့ ခိုးဝင်သူ များနေသည့်အတွက် ထိုင်းဘက်က ဖမ်းဆီးမှုများနှင့်အတူ သံဆူးကြိုးကာရံမှုများကို ဇူလိုင်လ(၇)ရက်နေ့အထိ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား နယ်စပ်ချောင်းတစ်လျှောက် Covid-19 ကာလအတွင်း ခိုးဝင်သူများကို တားဆီးနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်က ကင်းပုန်းဝပ်ခြင်း၊ သံဆူးကြိုး ကာရံခြင်းများကို ဆောင်ရွက်နေသည့်အပြင် နယ်မြေခံတပ်က ဦးဆောင်ကာ လှည့်ကင်းများကို ယခင်ကထက် ပို၍ အကြိမ်ရေ တိုးမြှင့်ဆောင်ရွက် နေလျက်ရှိကြောင်း သိရသည်။

မယ်ဆိုင် - တာချီလိတ်ကို ဆက်သွယ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်  ဝင်ထွက်သွားလာခွင့်ကို COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် မတ်လ (၂၃) ရက်နေ့ကတည်းက ပိတ်ထားခဲ့ကာ (၃) လကျော်သည် အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေး၍ နယ်စပ်ချောင်းနှင့် နယ်စပ်တောင်ပေါ်လမ်းများမှ ခိုးဝင်သူများ များလာ၍ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်မှ ခိုးဝင်လမ်းကြောင်းရှိရာ နေရာများ တစ်လျှောက်တွင် ထိုင်းနိုင်ငံဘက်က သံဆူးကြိုး ကာရံခြင်း၊ ဆိုလာမီးတိုင်များ စိုက်ထူခြင်းအပြင် နယ်စပ်ချောင်းတစ်လျှောက်နှင့် နယ်စပ်တောင်ပေါ်ဒေသများအထိ ကင်းလှည့်ရန်အတွက် နယ်မြေခံတပ်ဖွဲ့ဦးဆောင်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပါဝင်သည့် လှည့်ကင်းအဖွဲ့ကိုလည်း (၂၂) ဖွဲ့အထိ တိုးမြှင့်လိုက်သည့်အပြင် ကင်းလှည့်မည့် အကြိမ်ရေကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။

နယ်စပ်ချောင်းမှ ခိုးဝင်ဖြတ်ကူးနေသူများထံမှ COVID 19 ကူးစက်ပျံ့နှံ့မည်ကို ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှုများရှိနေ၍ နယ်စပ်ချောင်းတစ်လျှောက် ခိုးဝင်မှုများကို ဒေသခံများထံမှ သတင်းရယူရန် ကျေးရွာခေါင်းဆောင်များဖြင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာလုပ်သားများ အနေဖြင့် နယ်စပ်ချောင်းဖြတ်ကူးမှုများ ဟန့်တားရေးကို နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီများ ပူးပေါင်းဆောင်ရွက်ကြမည်ဟု သိရသည်။

မယ်ဆိုင်နယ်စပ်ချောင်းမှ ခိုးဝင်သူများကို မယ်ဆိုင်ဘက်တွင် ဖမ်းဆီးရမိမှုမှာ ဧပြီလ (၁၈)ရက်နေ့မှစ၍ ယနေ့အထိ (၂၈)ကြိမ် ဖမ်းမိထားပြီး လူဦးရေ (၁၀၀)နီးပါး ဖမ်းမိထားကြောင်း မယ်ဆိုင်ဘက်မှ သတင်းထုတ်ပြန်သည်။

Tachileik News Agency
Photo: Kamol Kuernin


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~