တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာ၏ သင်္ကြန်ကာလအတွင်း (၁၀)ရက် တရားစခန်းအား ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မကျင်းပဖြစ်

တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာ၏ သင်္ကြန်ကာလအတွင်း (၁၀)ရက် တရားစခန်းအား ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မကျင်းပဖြစ်
မတ် 14, 2020
By Tachileik News Agency

တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာ၏ သင်္ကြန်ကာလအတွင်း (၁၀)ရက် တရားစခန်းအား ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မကျင်းပဖြစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း ကျင်းပမည့် မိုးကုတ်ရိပ်သာ၏ သင်္ကြန် (၁၀) ရက် တရားစခန်းအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျင်းပတော့မည် မဟုတ်ကြောင်း သိရသည်။

ရိပ်သာက ပုံမှန်ဆိုရင် (၁၀)ရက် တရားစခန်းဖွင့်တယ်။ လာမယ့် (၉၇) ကြိမ်မြောက်အတွက် တရားစခန်းဖွင့်ဖို့ လျာထားတာပေါ့။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေး မလုပ်ရဘူးဆိုတာ ထွက်လာတော့ သင်္ကြန်ကာလမှာ လုပ်မယ့် (၁၀)ရက် တရားစခန်းကို ပိတ်လိုက်တာ

ဟု တာချီလိတ်မြို့  မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)၏ ဉက္ကဌ ဖြစ်သူ ဦးကျော်သီဟက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈) အနေဖြင့် ၂၀၂၀ခုနှစ် ဧပြီလ (၁၀)ရက်နေ့မှ ဧပြီလ (၁၉)ရက်နေ့အထိ သင်္ကြန်ကာလ တရားစခန်းကို လည်းကောင်း၊ ဇွန်လ(၆)ရက်နေ့ ဇွန်လ(၁၆)ရက်နေ့အထိ တရားစခန်းအား လည်းကောင်း၊ နိုဝင်ဘာလ(၄)ရက်နေ့မှ နိုဝင်ဘာလ(၁၃)ရက်နေ့အထိ တရားစခန်းအား လည်းကောင်း၊ ဒီဇင်ဘာလ (၂၀)ရက်နေ့မှ ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ တရားစခန်းအားလည်းကောင်း ကျင်းပရန် စီစဉ်ထားရှိရာ အဆိုပါ တရားစခန်း (၄)ကြိမ်ထဲက လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ် အခြေအနေအကြောင့် ဧပြီလအတွင်း တရားစခန်းကို ကျင်းပတော့မည် မဟုတ်ဘဲ ကျန်ရှိသည့် တရားစခန်းများကိုလည်း ထုတ်ပြန်ချက်များပေါ် မူတည်၍ ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။

တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈) တွင် သင်္ကြန်ကာလ (၁၀)ရက် တရားစခန်းကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဧပြီလ (၁၀) ရက်နေ့မှ ဧပြီလ (၁၉)ရက်နေ့အထိ ကျင်းပရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မတွေ့ရသေးသော်လည်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူရှိပါက လူစုလူဝေး ပွဲများ၊ အခမ်းအနားများမှတစ်ဆင့် လူပေါင်းများစွာသို့ ကူးစက်ခြင်းဖြစ်နိုင်၍ လူစုလူဝေး ပွဲများ၊ အခမ်းအနားများကို တတ်နိုင်သမျှ ရှောင်ရှားကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~