မိုင်းဆတ်မြို့တွင် တတိယမြောက် COVID-19 သံသယလူနာတွေ့ရှိထားပြီး အတူနေမိသားစုဝင်(၉)ဦးအား Facility Quarantine တွင် အသွားအလာ ကန့်သတ်ထား

မိုင်းဆတ်မြို့တွင် တတိယမြောက် COVID-19 သံသယလူနာတွေ့ရှိထားပြီး အတူနေမိသားစုဝင်(၉)ဦးအား Facility Quarantine တွင် အသွားအလာ ကန့်သတ်ထား
ဧပြီ 13, 2020
By Tachileik News Agency
မိုင်းဆတ်မြို့တွင် တတိယမြောက် COVID-19 သံသယလူနာတွေ့ရှိထားပြီး အတူနေမိသားစုဝင်(၉)ဦးအား Facility Quarantine တွင် အသွားအလာ ကန့်သတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ၌ တတိယမြောက် COVID-19 ရောဂါ သံသယလူနာတစ်ဦးကို သီးခြားကုသဆောင်တွင် ထားရှိ ကုသပေးနေပြီး အတူနေ မိသားစုဝင် (၉)ဦးအား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ နံနက်(၈)နာရီခွဲက Facility Quarantine တွင် အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာအုပ်စု၊ ထူးဒေါ့ကျေးရွာမှ အသက်(၁၉)နှစ်ရှိ အမျိုးသားသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်ဆလောမြို့နယ်၊ မယ်တွန့်ကျေးရွာရှိ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရာမှ မတ်လ (၁၀) ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး  ဧပြီလ(၁၂)ရက် နံနက်(၁၀)နာရီက ချောင်းဆိုး ခြင်း၊ အသက်ရှုကြပ်ခြင်း၊ မောပန်းခြင်းဝေဒနာများခံစားရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့လာရောက်ပြသခဲ့ရာ ကိုယ်အပူချိန်(၁၀၃)ဒီဂရီ ရှိနေသဖြင့် COVID-19 သံသယလူနာအဖြစ် သီးသန့်စောင့်ကြည့်ကုသပေးနေခြင်းဖြစ်သည်။

အဆိုပါ သံသယလူနာနှင့်အတူနေမိသားစုဝင်(၉)ဦးကိုလည်း ခရိုင်နှင့်မြို့နယ် COVID-19  စောင့်ကြည့် စစ်ဆေးကုသရေးကော်မတီဝင်များက နံနက် (၈)နာရီခွဲတွင် နေအိမ်သို့သွားရောက်ပြီး ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်ခဲ့ရာ ထူးခြားမှုတစ်စုံတစ်ရာမရှိသော်လည်း ၎င်းတို့(၉)ဦးအား အမက(ထူးဒေါ့)တွင် ဖွင့်လှစ်ထားသည့် Facility Quarantine တွင် အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~