တောင်ကြီးမြို့မှ အတည်ပြုလူနာ case 29 တွင် covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ

တောင်ကြီးမြို့မှ အတည်ပြုလူနာ case 29 တွင် covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ
ဧပြီ 27, 2020
By Tachileik News Agency
တောင်ကြီးမြို့မှ အတည်ပြုလူနာ case 29 တွင် covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ

ရှမ်းပြည်နယ်အတွင်းရှိ COVID 19 အတည်ပြုလူနာ (၇)ဦးအနက် ဒုတိယမြောက် လူနာဖြစ်သည့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ အတည်ပြုလူနာ (Case 29) ကို ဆေးရုံတွင် ကုသပေးနေပြီး (၃)ကြိမ် စစ်ဆေးရာ ပိုးမတွေ့ရတော့သဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီး ဟိုတယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုအောက် တစ်ပတ်ရွှေ့ပြောင်းထားရှိပြီဖြစ်ကြောင်း သိရသည်။

သုံးကြိမ်စစ်တာမှာ သုံးကြိမ်လုံး ပိုးမတွေ့ရတဲ့အတွက် ဒီနေ့ပဲ ဆေးရုံဆင်းခွင့်ပေးလိုက်တယ်။ အဲဒီမှာ အိမ်မပြန်ချင်ဘူးဆိုတော့ ဟိုတယ် Quarantine နေနေတယ်။ ကျန်တဲ့လူနာတွေလည်း အခြေအနေ တိုးတက် ကောင်းမွန်နေပါတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဧပြီလ(၂၇)ရက်နေ့တွင် ပြောသည်။

အဆိုပါ COVID-19 အတည်ပြုလူနာ (Case 29)သည် တောင်ကြီးမြို့မှ အသက် (၂၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရန်ကုန်ရှိ Quarantine Center တွင် အသွားအလာကန့်သတ်နေထိုင်ခဲ့ပြီး ဧပြီလ (၁၁)ရက်နေ့၌ တောင်ကြီးသို့ ပြန်လာစဉ် COVID 19 အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထားခြင်းဖြစ်သည်။

အတည်ပြုလူနာအား ကုသမှုပေးနေစဉ် (၃)ကြိမ် ဓါတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ရတော့သဖြင့် ဆေးရုံဆင်းခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဧပြီလ (၂၇)ရက်နေ့အထိ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် COVID 19 အတည်ပြုလူနာ (၂)ဦး ကုသပေးနေသည့်အနက် (၁)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီး လားရှိုးပြည်သူ့ဆေးရုံတွင် (၁)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် (၃)ဦးနှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် (၁)ဦး ကုသမှုခံယူနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~