ရန်ကုန်မှ အတည်ပြုလူနာ Case – 110 ဧပြီလ(၂၉)ရက်နေ့တွင် သေဆုံး၍

ရန်ကုန်မှ အတည်ပြုလူနာ Case – 110 ဧပြီလ(၂၉)ရက်နေ့တွင် သေဆုံး၍
ဧပြီ 29, 2020
By Tachileik News Agency
ရန်ကုန်မှ အတည်ပြုလူနာ Case – 110 ဧပြီလ(၂၉)ရက်နေ့တွင် သေဆုံး၍  

ရန်ကုန်မြို့ တောင်ဥက္ကလာပအထူးကုဆေးရုံတွင် ကုသမှုခံယူနေသည့် အသက် (၆၃)နှစ်အရွယ် COVID 19 အတည်ပြုလူနာ အမျိုးသားသည် ဧပြီလ (၂၉)ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်တွင် သေဆုံးသွားသဖြင့် မြန်မာနိုင်ငံတွင် COVID 19 ကြောင့် သေဆုံးသူ (၆)ဦးရှိလာပြီဖြစ်သည်။

သေဆုံးသွားသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာအမှတ် (Case – 110) သည် ဧပြီလ (၁၉)ရက်နေ့က ဓါတ်ခွဲအဖြေရရှိပြီး ကုသမှုခံယူနေသူဖြစ်ပြီး သွေးတိုးနှင့် ဆီးချိုရောဂါ အခံလည်းရှိ၍ အထူးကြပ်မတ်ကုသမှုခံယူနေရသူဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်း အတွင်း ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~