မြန်မာနိုင်ငံအတွင်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၁၀)ဦးတွင် ဘာသာရေးအခမ်းအနားအတူတက်ခဲ့သူ (၄)ဦး ပါဝင်မြန်မာနိုင်ငံအတွင်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၁၀)ဦးတွင် ဘာသာရေးအခမ်းအနားအတူတက်ခဲ့သူ (၄)ဦး ပါဝင်

မြန်မာနိုင်ငံအတွင်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၁၀)ဦးတွင် ဘာသာရေးအခမ်းအနားအတူတက်ခဲ့သူ (၄)ဦး ပါဝင်မြန်မာနိုင်ငံအတွင်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၁၀)ဦးတွင် ဘာသာရေးအခမ်းအနားအတူတက်ခဲ့သူ (၄)ဦး ပါဝင်
ဧပြီ 12, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၁၀)ဦးတွင် ဘာသာရေးအခမ်းအနားအတူတက်ခဲ့သူ (၄)ဦး ပါဝင်

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁)ညမှ (၁၂)ရက်နေ့ ရက်နေ့ နံနက်(၂)နာရီက ထပ်တိုးလာသည့် Covid-19 အတည်ပြုလူနာ (၁၀)ဦး၌ ဘာသာရေးအခမ်းအနားတစ်ခု အတူတက်ခဲ့သူ (၄)ဦးပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အတည်ပြုလူနာကို ကုသပေးခဲ့သည့် ဆရာဝန် (၁)ဦး၊ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၁)ဦး၊ အင်္ဂလန်မှပြန်လာပြီး Facilities Quarantine ထားရှိသူ (၁)ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ စောင့်ကြည့်လူနာ (၂)ဦးနှင့် နိုင်ငံခြားသားများ ပါဝင်သည့် ဘာသာရေးအခမ်းအနား အတူတက်ခဲ့သူ (၄)ဦးတို့ကို COVID-19 အတည်ပြုလူနာများအဖြစ် ဓါတ်ခွဲအဖြေရခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့က စတင်တွေ့ခဲ့ရပြီး ဧပြီလ (၁၂)ရက်နေ့ နံနက် (၂)နာရီအချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၈) ဦး တွေ့ရှိခဲ့ပြီး ဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၁၁)ရက်နေ့တွင် စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသူများ စုစုပေါင်း (၂၃၀) ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ (၁၀)ဦးတွင် COVID-19 ရောဂါပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။

အတည်ပြုလူနာများအနက် (၂)ဦးမှာ ဆေးရုံဆင်း၍ (၁၄)ရက်စောင့်ကြည့်မှုအောက်တွင်နေထိုင်နေကာ (၃၃)ဦးမှာ ကုသမှုခံယူနေပြီး သေဆုံးသူ (၃)ဦးရှိနေခြင်းဖြစ်သည်။

COVID-19 ရောဂါ အတည်ပြုလူနာများကို ချင်းပြည်နယ် တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၂၇) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး စုစုပေါင်း (၃၃)ဦး ကုသမှုခံနေသည့်အနက် ဝေဘာဂီအထူးကုဆေးရုံကြီးမှ လူနာ (၁)ဦးကို အထူးကြပ်မတ်ကုသခန်းတွင် ထားရှိကုသပေးနေကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်းကို လုပ်ဆောင်နေရာ ထိတွေ့ခဲ့သူများရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန် သတိပေးတိုက်တွန်းထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~