အတည်ပြုလူနာ (၁၁)ဦးထပ်တိုး၍ ဧပြီလ(၁၆)ရက်နေ့အထိ (၈၅)ဦးရှိလာ

အတည်ပြုလူနာ (၁၁)ဦးထပ်တိုး၍ ဧပြီလ(၁၆)ရက်နေ့အထိ (၈၅)ဦးရှိလာ
ဧပြီ 16, 2020
By Tachileik News Agency
အတည်ပြုလူနာ(၁၁)ဦးထပ်တိုး၍ ဧပြီလ(၁၆)ရက်နေ့အထိ (၈၅)ဦးရှိလာ

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၁၁)ဦး ထပ်တိုးလာ၍ ၂၀၂၀ခုနှစ် ဧပြီလ(၁၆)ရက်နေ့ နံနက် (၃)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၈၅)ဦးအထိ ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/တားမြစ်ခြင်း ဆောင်ရွက်ထားသူများထဲက (၁၂၈)ဦးအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ၂၀၂၀ခုနှစ် ဧပြီလ(၁၅)ရက်နေ့ ည(၈)နာရီအထိ စစ်ဆေးရာတွင် ကူးစက်ခံရသူမရှိကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

ဒုတိယအသုတ်အဖြစ် (၂၇၂)ဦးအား ဆက်လက် ဓါတ်ခွဲစစ်ဆေးရာတွင် ဧပြီလ(၁၆)ရက်နေ့ နံနက်(၃)နာရီအထိ ဓါတ်ခွဲပြီးသည့် အဖြေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ(၉)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ (၁)ဦး နှင့် ချင်းပြည်နယ်မှ(၁)ဦး စုစုပေါင်း (၁၁)ဦးတိုးလာ၍ (၈၅)ဦးအထိ ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း  COVID-19 ရောဂါ ကူးစက်ခံရသူ (၈၅)ဦး၊ သေဆုံးသူ(၄)ဦးရှိနေသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~