မကွေးမြို့အတွင်း Covid-19 ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း နှင့် မိသားစုဝင် စုစုပေါင်း (၁၀)ဦးအထိ ရှိလာ

မကွေးမြို့အတွင်း Covid-19 ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း နှင့် မိသားစုဝင် စုစုပေါင်း (၁၀)ဦးအထိ ရှိလာ
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
မကွေးမြို့အတွင်း Covid-19 ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း နှင့် မိသားစုဝင် စုစုပေါင်း (၁၀)ဦးအထိ ရှိလာ
မကွေးမြို့အတွင်း ဒီဇင်ဘာလ(၆)ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ (၁၁)ဦးထပ်တိုးရာတွင် ကျန်းမာရေးဝန်ထမ်းနှင့်မိသားစုဝင် (၅)ဦး ပါရှိ၍ စုစုပေါင်း (၁၀)ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
“စတင်ပိုးတွေ့ရှိခဲ့တဲ့ ရန်ကုန်ကို SWAB ပို့တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ အချိန်အတော်ကြာထိတွေ့မှုရှိတဲ့ အိမ်နီးနားချင်းတွေနဲ့ မိသားစုဝင် (၉၀)ကျော်ကိုစစ်တော့ သူ့ရဲ့မိသားစုဝင် (၄)ယောက်မှာ ပိုးတွေ့ရှိခဲ့ပါ တယ်။ ဒီနေ့ သူ့ရဲ့ Contact ကျန်းမာရေးဝန်ထမ်းနဲ့ မိသားစုဝင်(၄)ယောက်မှာ ထပ်တွေ့ရလို့ မကွေး တိုင်းဆေးရုံက ကျန်းမာရေးဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း (၉)ဦး ရှိသွားပါပြီ” ဟု မကွေးတိုင်းပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၆)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ချက်တွင် RDT နှင့် NHL results တို့အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မကွေးမြို့မှ (၈)ဦး၊ မင်းဘူးမြို့မှ (၃)ဦး တို့ ဖြစ်ကြပြီး မကွေးမြို့မှ ပိုးတွေ့ရှိသူ (၈)ဦးအနက် (၄)ဦးမှာ မကွေးတိုင်း ပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင်များဖြစ်ကာ (၁)ဦးမှာ မကွေး သင်ကြားရေး ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းဖြစ်ကြောင်း သိရသဖြင့် မကွေးမြို့တွင် ပိုးတွေ့ရှိသူကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း (၁၀)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိ၍ ကူးစက်ခံရသည့် လူနာအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာလျှက်ရှိနေသော်လည်း သက်ဆိုင်ရာများမှ COVID-19 ကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်ထားရှိမှု လျော့ရဲနေသည့်အပေါ် ပြည်သူများက အားမလိုအားမရဖြစ်နေ ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ ညပိုင်းအထိ မကွေးတိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း (၁၅၅၃)ဦးအထိ ရှိလာပြီး ဆေးရုံတက်ရောက်ဆဲလူနာ (၂၄၆)ဦး၊ ဆေးရုံဆင်းခွင့်ရ လူနာ (၁၃၀၄)ဦး၊ သေဆုံးသူ (၃)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ- Si Phyo Thu

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~