တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဧရိယာအျပည့္ လမ္းခင္းျခင္းလုပ္ေဆာင္ရန္အတြက္ လမ္းဘက္ထြက္ေနသည့္ အေဆာက္အဦအမိုးႏွင့္အခင္းအက်င္းမ်ား ဖ်က္သိမ္းရမည္တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဧရိယာအျပည့္ လမ္းခင္းျခင္းလုပ္ေဆာင္ရန္အတြက္ လမ္းဘက္ထြက္ေနသည့္ အေဆာက္အဦအမိုးႏွင့္အခင္းအက်င္းမ်ား ဖ်က္သိမ္းရမည္

တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဧရိယာအျပည့္ လမ္းခင္းျခင္းလုပ္ေဆာင္ရန္အတြက္ လမ္းဘက္ထြက္ေနသည့္ အေဆာက္အဦအမိုးႏွင့္အခင္းအက်င္းမ်ား ဖ်က္သိမ္းရမည္တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဧရိယာအျပည့္ လမ္းခင္းျခင္းလုပ္ေဆာင္ရန္အတြက္ လမ္းဘက္ထြက္ေနသည့္ အေဆာက္အဦအမိုးႏွင့္အခင္းအက်င္းမ်ား ဖ်က္သိမ္းရမည္
မေ 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံမီးပြိဳင္လမ္းဆံုတြင္ ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလ်ာ့ႏိုင္ရန္ လမ္းပိုင္းခ်ဲ႕မႈျပဳလုပ္ေနရာ လမ္းဧရိယာဘက္သို႔ အမိုးထုတ္ထားသည့္ ေစ်းဆုိင္၊ ေနအိမ္မ်ားမွ အမိုးမ်ားဖ်က္သိမ္းရမည္ျဖစ္ေၾကာင္း သိရသည္။

“လမ္းဧရိယာနဲ႔ မလြတ္တဲ့ဟာေတြ ဖ်က္ေပးပါတယ္။ အိမ္မႀကီးအထိေရာက္တာ တစ္အိမ္မွမရိွဘူးေပါ့။ ေရွ႕က အမိုးေတြေပါ့။ ကၽြန္ေတာ္တို႔ လမ္းခ်ဲ႕ခ်င္တဲ့အတိုင္းအတာထိေပါ့။ ကၽြန္ေတာ္တို႔ စည္းရံုးေရးလုပ္ၿပီး ဖ်က္ခိုင္းရတာ။ ၿမိဳ႕ထဲလမ္းနမူနာရိွပါတယ္ စခ်ဲ႕တုန္းက ကန္႔ကြက္ၾကတာပဲ။ တကယ့္ တကယ္ခ်ဲ႕လာတဲ့အခါက်ေတာ့ ေနာက္ပိုင္းသူတို႔ျပန္ခံစားရတဲ့ အက်ိဳးဆက္က ပိုၿပီးေတာ့ ႀကီးပါတယ္။ လမ္းခ်ဲ႕လိုက္ရင္ေတာ့ ယာဥ္ေၾကာရွင္းသြားမွာေပါ့။ Free လမ္းတစ္လိုင္းပါမယ္ေပါ့။ ေလာေလာဆယ္ေတာ့ ကန္႔ကြက္တာတို႔၊ ဖ်က္မေပးတာတို႔ မရိွပါဘူး”ဟု တာခ်ီလိတ္ၿမိဳ႕စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ပါလွ်ံမီးပြိဳင့္လမ္းဆံုတြင္ ယာဥ္ေက်ာက်ပ္တည္းမႈ ဆိုးရြားစြာျဖစ္ပြားေနသည့္အတြက္ လမ္းပိုင္းကို အပိုင္း (၃) ပိုင္းခြဲၿပီး ခ်ဲ႕ထြင္ရန္ ျပည္နယ္အစိုးရဘတ္ဂ်က္ေစာင့္ဆုိင္းေနဆဲျဖစ္ၿပီး လက္ရိွတြင္ BT ဆီပန္႔မီးပိြဳင့္မွ ၿမိဳ႕တြင္းအဝင္လမ္းပိုင္းကို လမ္းသားခ်ဲ႕ထြင္မႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ပါလွ်ံမီးပြိုင့္လမ္းတစ္ေလွ်ာက္ရိွ လမ္းေဘးအိမ္မ်ားမွ လမ္းဧရိယာဘက္ထုတ္ထားသည့္ အမိုးမ်ားကို ဖ်က္သိမ္းရန္ တာဝန္ရိွသူမ်ားႏွင့္ ေနအိမ္ပိုင္ရွင္မ်ားအၾကား ညိႇႏိႈင္းသေဘာတူညီမႈရထားေၾကာင္း စည္ပင္သာယာေရးဌာနထံမွ သိရသည္။

တာခ်ီလိတ္ျမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဆံုေဘးဝဲယာလမ္းတိုခ်ဲ႕ျခင္းလုပ္ေဆာင္ရန္အတြက္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ စည္ပင္သာယာေရးဌာန၊ ၿမိဳ႕မီးလင္းေရးအဖြဲ႔ ႏွင့္ ဌာနဆိုင္ရာမ်ားပါဝင္သည့္အဖြဲ႕တို႔  ၂၀၁၉ ခုႏွစ္ ေမလ (၄)ရက္ေန႔က ကြင္းဆင္းစစ္ေဆးထားျခင္းျဖစ္သည္။

ပါလွ်ံမီးပြိဳင့္ လမ္းပိုင္းတြင္ လမ္းေျမေနရာက်န္ရိွမႈေပၚမူတည္၍ (၈)ေပမွ (၁၄)ေပအထိ တိုးခ်ဲ႕သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံမီးပွိုင်လမ်းဆုံတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျော့နိုင်ရန် လမ်းပိုင်းချဲ့မှုပြုလုပ်နေရာ လမ်းဧရိယာဘက်သို့ အမိုးထုတ်ထားသည့် ဈေးဆိုင်၊ နေအိမ်များမှ အမိုးများဖျက်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။

“လမ်းဧရိယာနဲ့ မလွတ်တဲ့ဟာတွေ ဖျက်ပေးပါတယ်။ အိမ်မကြီးအထိရောက်တာ တစ်အိမ်မှမရှိဘူးပေါ့။ ရှေ့က အမိုးတွေပေါ့။ ကျွန်တော်တို့ လမ်းချဲ့ချင်တဲ့အတိုင်းအတာထိပေါ့။ ကျွန်တော်တို့ စည်းရုံးရေးလုပ်ပြီး ဖျက်ခိုင်းရတာ။ မြို့ထဲလမ်းနမူနာရှိပါတယ် စချဲ့တုန်းက ကန့်ကွက်ကြတာပဲ။ တကယ့် တကယ်ချဲ့လာတဲ့အခါကျတော့ နောက်ပိုင်းသူတို့ပြန်ခံစားရတဲ့ အကျိုးဆက်က ပိုပြီးတော့ ကြီးပါတယ်။ လမ်းချဲ့လိုက်ရင်တော့ ယာဉ်ကြောရှင်းသွားမှာပေါ့။ Free လမ်းတစ်လိုင်းပါမယ်ပေါ့။ လောလောဆယ်တော့ ကန့်ကွက်တာတို့၊ ဖျက်မပေးတာတို့ မရှိပါဘူး”ဟု တာချီလိတ်မြို့စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပါလျှံမီးပွိုင့်လမ်းဆုံတွင် ယာဉ်ကျောကျပ်တည်းမှု ဆိုးရွားစွာဖြစ်ပွားနေသည့်အတွက် လမ်းပိုင်းကို အပိုင်း (၃) ပိုင်းခွဲပြီး ချဲ့ထွင်ရန် ပြည်နယ်အစိုးရဘတ်ဂျက်စောင့်ဆိုင်းနေဆဲဖြစ်ပြီး လက်ရှိတွင် BT ဆီပန့်မီးပွိုင့်မှ မြို့တွင်းအဝင်လမ်းပိုင်းကို လမ်းသားချဲ့ထွင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပါလျှံမီးပွိုင့်လမ်းတစ်လျှောက်ရှိ လမ်းဘေးအိမ်များမှ လမ်းဧရိယာဘက်ထုတ်ထားသည့် အမိုးများကို ဖျက်သိမ်းရန် တာဝန်ရှိသူများနှင့် နေအိမ်ပိုင်ရှင်များအကြား ညှိနှိုင်းသဘောတူညီမှုရထားကြောင်း စည်ပင်သာယာရေးဌာနထံမှ သိရသည်။

တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းဆုံဘေးဝဲယာလမ်းတိုချဲ့ခြင်းလုပ်ဆောင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဌာန၊ မြို့မီးလင်းရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့တို့ ၂၀၁၉ ခုနှစ် မေလ (၄)ရက်နေ့က ကွင်းဆင်းစစ်ဆေးထားခြင်းဖြစ်သည်။

ပါလျှံမီးပွိုင့် လမ်းပိုင်းတွင် လမ်းမြေနေရာကျန်ရှိမှုပေါ်မူတည်၍ (၈)ပေမှ (၁၄)ပေအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net