မြန်မာနိုင်ငံအတွင်း ဧပြီလ(၃)ရက်နေ့၏ ဓါတ်ခွဲစစ်ဆေးသူ (၅၅)ဦးလုံးတွင် COVID 19 ပိုးမတွေ့ရ

မြန်မာနိုင်ငံအတွင်း ဧပြီလ(၃)ရက်နေ့၏ ဓါတ်ခွဲစစ်ဆေးသူ (၅၅)ဦးလုံးတွင် COVID 19 ပိုးမတွေ့ရ
ဧပြီ 3, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း ဧပြီလ(၃)ရက်နေ့၏ ဓါတ်ခွဲစစ်ဆေးသူ (၅၅)ဦးလုံးတွင် COVID 19 ပိုးမတွေ့ရ

ဓါတ်ခွဲစစ်ဆေးသူ (၅၅) ဦးလုံးတွင် COVID 19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားပြီး ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁၉)ဦးအနက် လူနာ (၂)ဦးမှာ အထူးကြပ်မတ်ခန်း၌ ကုသမှုပေးနေကာ ကျန်လူနာများ အခြေအနေ ကောင်းမွန်နေသည်ဟု ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီလ (၂)ရက်နေ့၊ ညနေ (၆) နာရီမှ ဧပြီလ(၃) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီလ (၃)ရက်နေ့အထိ တွေ့ရှိထားသည့် ဓါတ်ခွဲအတည်ပြုလူနာ (၂၀)ဦးအနက် ကင်ဆာဝေဒနာရှင်တစ်ဦးမှာ သေဆုံးသွားပြီး ကျန်ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲဖြစ်သည်။

အတည်ပြုလူနာများကို ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် (၁) ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၉) ဦး၊ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ပြည်သူ့ဆေးရုံတွင် (၄) ဦးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ အထူးကြပ်မတ်ခန်းတွင် (၂)ဦး သီးခြားစီကုသပေးနေကြောင်း သိရသည်။ 

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~