နေအိမ်(၃၆)လုံး မီးဘေးသင့်ခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် စုပေါင်းလှူဒါန်း

နေအိမ်(၃၆)လုံး မီးဘေးသင့်ခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် စုပေါင်းလှူဒါန်း
ဧပြီ 8, 2020
By Tachileik News Agency
နေအိမ်(၃၆)လုံး မီးဘေးသင့်ခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ  ကျေးရွာ(၂)ရွာတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက်  စုပေါင်းလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု အတွင်း တောမီးမှတဆင့်ကျေးရွာသို့ ကူးစက်၍ မီးဘေးသင့်သွားသည့် ခတ်ကြားဒေနှင့် ပုံတပ် (၁)  ကျေးရွာမှ မီးဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် သွားရောက်ကူညီကြသည်။

အဆိုပါ ခတ်ကြားဒေကျေးရွာနှင့် ပုံတပ်(၁)ကျေးရွာတို့သည် ဧပြီလ (၂) ရက်နေ့ ညနေပိုင်းက တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခံခဲ့ရပြီး ခတ်ကြားဒေကျေးရွာတွင် နေအိမ်(၄)လုံးနှင့် ပုံတပ်(၁)ကျေးရွာတွင် နေအိမ်(၃၂)လုံး မီးဘေးသင့်ပြီး စုစုပေါင်း လူဦးရေ(၁၄၀)ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရခြင်းဖြစ်သည်။

မီးဘေးသင့်များ ပြန်လည်ထူထောင်ရေးအတွက် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျဒေနှင့် ပူနားကိုကျေးရွာသားများ၊  နော်ရှဲလားဟူကုမ္ပဏီ၊ FAMILY ZION ကုမ္ပဏီ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မိုင်းခုတ်မြို့ အုပ်ချုပ်ရေးမှူးနှင့်အလှူရှင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အဖြူရောင်လူငယ်အဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့များက အသီးသီး ကူညီပံ့ပိုးကြခြင်းဖြစ်ကြောင်း သိရသည်။

မီးဘေးသင့် အိမ်ထောင်စုများအတွက် ဆန်(၁၂၈)အိတ်နှင့် (၅၃)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊  ငွေကျပ်(၈၁)သိန်းကျော်၊ ကျန်းမာရေးသုံးပစ္စည်း၊ အမျိုးသမီးသုံးပစ္စည်း၊ အိမ်ဆောက် ပစ္စည်း (၁၀)မျိုး၊  မျိုးစပါး(၆၃၀)ပုံး၊ ၆ပေ သွပ်(၃၈၀၀)ချပ်၊ ခေါင်အုပ်(၂၀၀)ချပ်၊ ဆီ၊ ဆားအပါအဝင် ရိက္ခာများ၊ အဝတ်အစားများ၊ အိုးခွက်ပန်းကန်များ စုပေါင်းလှူဒါန်းထားကြပြီး ကျေးရွာနေရာပြန်လည်နေရာချထားရေးအတွက် အဖွဲ့ဝင် (၆)ဦးပါ ကော်မတီဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~