တာချီလိတ်ရှိ ရှမ်းရိုးမကွင်း ညဈေးတန်း အပါအဝင် ညဈေးတန်းများ အားလုံး မေလ(၁၅)ရက်နေ့အထိ ပိတ်ထားရန် သတ်မှတ်ရက် ထပ်တိုး

တာချီလိတ်ရှိ ရှမ်းရိုးမကွင်း ညဈေးတန်း အပါအဝင် ညဈေးတန်းများ အားလုံး မေလ(၁၅)ရက်နေ့အထိ ပိတ်ထားရန် သတ်မှတ်ရက် ထပ်တိုး
ဧပြီ 29, 2020
By Tachileik News Agency

တာချီလိတ်ရှိ ရှမ်းရိုးမကွင်း ညဈေးတန်း အပါအဝင် ညဈေးတန်းများ အားလုံး မေလ(၁၅)ရက်နေ့အထိ ပိတ်ထားရန် သတ်မှတ်ရက် ထပ်တိုး

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားနိုင်ရန်  နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း ညဈေးအပါအဝင် လမ်းဘေးတစ်လျှောက် ညဈေးရောင်းချနေသည့် ဆိုင်တန်းများကို မေလ(၁၅)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချြခင်း မပြုလုပ်ရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။

 ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှစ၍ ဧပြီလ(၃၀)ရက်နေ့အထိ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပေးထားရာမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နောက်ထပ် (၁၅)ရက် ထပ်တိုးလိုက်ခြင်း ဖြစ်ပြီး ယခုလို ထပ်တိုးလိုက်ခြင်းသည် တာချီလိတ်မြို့ တစ်မြို့တည်းမဟုတ်ဘဲ ရှမ်းပြည်နယ်တစ်ခုလုံး ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရှမ်းရိုးမကွင်းအတွင်း နှင့် ကွင်းအပြင်ရှိ ညဈေး၊ ချစ်ကြည်ရေးတံတား(၁) နှင့်(၂) တစ်လျှောက်ရှိ ညဈေးသည်များ၊ တာချီလိတ်ရွှေတိဂုံရှိ ညဈေးများ နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ ညဈေး နှင့် ညဈေးဆိုင်များအားလုံးသည် ၂၀၂၀ခုနှစ် မေလ(၁၅)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချြခင်း မပြုရန် အသိပေးထားခြင်း ဖြစ်သည်။

ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ထားသူများအနေဖြင့် စားသုံးသူများကို ပါဆယ်ဖြင့်သာ ရောင်းချရန်ကိုလည်း စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။

တာချီလိတ်တွင် လူစုလူဝေး မဖြစ်ရန်အတွက် ဟင်းသီးဟင်းရွက် နှင့် သားငါးများကိုတော့ ကွင်းပြင်ကျယ်ဖြစ်သည့် ရှမ်းရိုးမကွင်းအတွင်း၌ နံနက်(၆)နာရီမှ နံနက်(၁၁)နာရီအထိ ရောင်းချပေးနေပြီး အလှကုန်နှင့်ကုန်ခြောက်ပစ္စည်းများကိုတော့ မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~