ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၁၂)ရက်နေ့ နေ့လည်ပိုင်းအထိ တာချီလိတ်မှ ပြန်လာသူ(၂)ဦး အပါအဝင် စုစုပေါင်း (၇)ဦး၌ Covid-19 ထပ်တိုးတွေ့ရှိ

ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၁၂)ရက်နေ့ နေ့လည်ပိုင်းအထိ တာချီလိတ်မှ ပြန်လာသူ(၂)ဦး အပါအဝင် စုစုပေါင်း (၇)ဦး၌ Covid-19 ထပ်တိုးတွေ့ရှိ
ဇူလိုင် 12, 2021 | Covid-19| ရှမ်းရှေ့

ကျိုင်းတုံမြို့တွင် တာချီလိတ်မှ ပြန်လာသူ (၂)ဦး အပါအဝင် စုစုပေါင်း (၇)ဦးတို့တွင် ယနေ့ ဇူလိုင်လ(၁၂)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်တွင် အတည်ပြုလူနာ နှင့် ထိတွေ့မိသူ (၅၃)ဦးအား ပထမအကြိမ်အဖြစ် RDT Test Kit ဖြင့် စစ်ဆေးရာမှ (၁)ဦးနှင့် တာချီလိတ်မှ ပြန်လာသူ(၂)ဦး၊ နေ့လည်ပိုင်းတွင် မိုးကောင်းကင်ယာဉ်လိုင်းဖြင့် လိုက်ပါလာသူများထဲအား စစ်ဆေးရာမှ (၄)ဦး  စုစုပေါင်း (၇)ဦးတွင် Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ထိတွေ့မိသူ (၅၃)ဦးနှင့် ပတ်သက်၍  အသက်(၄၃)နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် နေမကောင်းဖြစ်နေ၍ ကျိုင်းတုံဆေးရုံကြီးတွင် ဇူလိုင်လ(၁၁)ရက်နေ့ ညက Covid-19 စစ်ဆေးရာမှ ၎င်းတွင် ပိုးတွေ့ရှိ၍ ၎င်းနှင့်ထိတွေ့မိသူ စုစုပေါင်းမှာ ရပ်ကွက်(၁)၊ ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄)အပြင် နောင်ကုန်တို့မှ စုစုပေါင်း (၅၃)ဦး ရှိခဲ့ခြင်း ဖြစ်သည်။

ထိတွေ့မိသူ (၅၃)ဦးကို စစ်ဆေးရာမှ (၁)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ပြီး ကျန်သည် (၅၂)ဦးကိုလည်း သတ်မှတ်ရက်များတွင် ဒုတိယအကြမ်အဖြစ် ထပ်မံစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၁၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၉)ဦးအထိ ရှိနေကြောင်း သိရသည်။