တာချီလိတ်တွင် ချစ်ကြည်ရေးတံတား (၂)ပိတ်ထားသော်လည်း ဆီပန့်များက စက်သုံးဆီကို ပုံမှန်ဈေးဖြင့် ဆက်လက်ရောင်းချနေပြီး ဈေးကွက်ထိန်းထားနိုင်ရေး ဆီပန့်လုပ်ငန်းရှင်များ ဆွေးနွေး

တာချီလိတ်တွင် ချစ်ကြည်ရေးတံတား (၂)ပိတ်ထားသော်လည်း ဆီပန့်များက စက်သုံးဆီကို ပုံမှန်ဈေးဖြင့် ဆက်လက်ရောင်းချနေပြီး ဈေးကွက်ထိန်းထားနိုင်ရေး ဆီပန့်လုပ်ငန်းရှင်များ ဆွေးနွေး
မတ် 21, 2020
By Tachileik News Agency
တာချီလိတ်တွင် ချစ်ကြည်ရေးတံတား (၂)ပိတ်ထားသော်လည်း ဆီပန့်များက စက်သုံးဆီကို ပုံမှန်ဈေးဖြင့် ဆက်လက်ရောင်းချနေပြီး ဈေးကွက်ထိန်းထားနိုင်ရေး ဆီပန့်လုပ်ငန်းရှင်များ ဆွေးနွေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားအား ထိုင်းနိုင်ငံဘက်က ယာယီပိတ်လိုက်သည့်အတွက် စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် အရန်ဆီ ထားရှိရေးနှင့် ဈေးကွက်အတွင်း ပုံမှန်အတိုင်း ရောင်းချနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်းက စိန်ပန်းနီနီစားသောက်ဆိုင်၌ တွေ့ဆုံ ဆွေးနွေးကြသည်။

ထိုင်းနိုင်ငံဘက်က COVID-19 ရောဂါအခြေအနေကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိက အသုံးပြုသည့် ချစ်ကြည်ရေး အမှတ်(၂)တံတားအား မတ်လ(၂၁)ရက်နေ့မှစ၍ ယာယီပိတ်လိုက်သည့် ကာလအတွင်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှု မရှိစေရေးနှင့် ထိုင်းဘက်မှ စက်သုံးဆီကို အရေးကြီးကုန်စည်အဖြစ် တင်သွင်းခွင့်ရရှိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က စက်သုံးဆီလုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် အဓိကအားဖြင့် ဆီပန့်များ၌ အရန်ဆီထားရှိရေး၊ လက်ကားများကို လတ်တလော အခြေအနေအရ မရောင်းချပေးရေးနှင့် စက်ပန့်သို့ ဆီလာထည့်သည့် ကားလေးနှင့် ဆိုင်ကယ်များကိုသာ ရောင်းချပေးရေးကို အဓိကဆွေးနွေးကြခြင်းဖြစ်ပြီး တံတား(၂)အား ယာယီပိတ်ထားသည့်ကာလအတွင်း စက်သုံးဆီများကို တင်သွင်းခွင့်ရရှိရေးကိုလည်း ညှိနှိုင်းနေလျက်ရှိကြောင်း သိရသည်။

လတ်တလောကာလအတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဆီပန့်များတွင် ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချနေလျက်ရှိသော်လည်း ရပ်ကွက်များနှင့် လမ်းပေါ်များတွင် ပုလင်းများဖြင့် ရောင်းချနေသည့် ဓါတ်ဆီများမှာ ဈေးနှုန်း မမှန်မှုများရှိနေတတ်သည့်အတွက် ဆီပန့်များသို့သာ လာရောက်၍ ဓါတ်ဆီများကို ဝယ်ယူရန် တာချီလိတ်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းက အသိပေးထားသည်။

ဆွေးနွေးပွဲသို့ မြန့်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(ကျိုင်းတုံ)မှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ် အပါအဝင် တာချီလိတ်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်၊ ဒုတိယဥက္ကဌ ဦးနေဝင်းနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~