မကွေးတိုင်းအတွင်း စောင့်ကြည့် သံသယလူနာ (၁၄၈)ဦးအနက် (၁၉)ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း စောင့်ကြည့် သံသယလူနာ (၁၄၈)ဦးအနက် (၁၉)ဦး သေဆုံးခဲ့
ဧပြီ 30, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း စောင့်ကြည့် သံသယလူနာ (၁၄၈)ဦးအနက် (၁၉)ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဧပြီလ (၃၀)ရက်နေ့အထိ COVID-19 ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်/သံသယလူနာ (၁၄၈) ဦးရှိခဲ့သည့် အနက်မှ သေဆုံးသူ (၁၉) ဦး ရှိခဲ့သော်လည်း သေဆုံးသူများမှာ COVID-19 ရောဂါပိုးမတွေ့ရှိဘဲ အခြားရောဂါများဖြင့် သေဆုံးခဲ့ခြင်းသာဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရ သည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကနေ ခုချိန်ထိ စစ်ဆေးချက်အရ သေဆုံးခဲ့သူ(၁၉)ဦးဟာ ပြင်းထန်တဲ့ နောက်ခံ ရောဂါတွေနဲ့ သေဆုံးခဲ့ကြတာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ Negative အဖြေရခဲ့သူတွေပါ။ စစ်တာကလည်း ခရီးသွားရာဇဝင်ရှိတာတို့၊ ခရီးသွားရာဇဝင်ရှိသူတွေနဲ့ ထိတွေ့နီးစပ်မှုရှိခဲ့တာတို့ကြောင့် ဓာတ်ခွဲပေးပို့ စစ်ဆေးရတာပါ

ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းအတွင်းရှိ ဆေးရုံအသီးသီး၌ ကုသခဲ့သော COVID-19 ရောဂါ စောင့်ကြည့်/သံသယလူနာ စုစုပေါင်းမှာ ယနေ့အထိ (၁၄၈)ဦး ရှိခဲ့သည့်အနက် ဆေးရုံဆင်းလူနာ (၁၀၂)ဦး၊ အခြားရောဂါဖြင့်သေဆုံးသူ (၁၉)ဦး၊ ဆေးရုံ တက်ရောက်ဆဲလူနာ (၂၇)ဦး ရှိကြောင်း သိရပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၃.၄.၂၀၂၀)ရက်က သတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ရှိအတည်ပြုလူနာ (၁)ဦး ရှိရာ အဆိုပါ လူနာမှာလည်း ပြန်လည်ဓာတ်ခွဲစစ်ဆေးချက်အရ Negative အဖြေထွက်ခဲ့ကြောင်း သိရသည်။

ဧပြီလကုန်ပိုင်းတွင် မကွေးတိုင်းအတွင်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့်သူ (၃)သောင်းဝန်းကျင်ရှိရာ ၎င်းတို့အား မြို့ပေါ် Quarantine များ၌ ထားရှိရန်ပြင်ဆင်ထားပြီး တရုတ်နိုင်ငံမှ ပြန်ရောက်လာမည့်(၇ ) ထောင် ဝန်းကျင်ကို ကျေးရွာများရှိ Quarantine များ၌ ထားရှိရန်စီစဉ်ထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၏ ပြောကြားချက်အရ သိရသည်။

 Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~