ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း အတည်ပြုလူနာနှင့်ထိတွေ့သူ (၄)ဦး အပါအဝင် စုစုပေါင်း (၁၂)ဦးတွင် COVID 19 ပိုးတွေ့

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း အတည်ပြုလူနာနှင့်ထိတွေ့သူ (၄)ဦး အပါအဝင် စုစုပေါင်း (၁၂)ဦးတွင် COVID 19 ပိုးတွေ့
အောက်တိုဘာ 7, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း အတည်ပြုလူနာနှင့်ထိတွေ့သူ (၄)ဦး အပါအဝင် စုစုပေါင်း (၁၂)ဦးတွင်  COVID 19 ပိုးတွေ့
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ အေးသာယာ၊ ကလော၊ အောင်ပန်းနှင့် ရပ်စောက်တို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့က ထပ်တိုးလာသည့် အတည်ပြုလူနာ (၁၂)ဦးတွင် quarantine ချက်ချင်းမဝင်၍ ထိတွေ့အနည်းငယ်များမှုလည်း ရှိကြောင်း သိရသည်။
"ဒီနေ့တွေ့တဲ့ အတည်ပြုလူနာ (၁၂)ယောက်ထဲမှာ (၄)ယောက်က contact (အတည်ပြုလူနာနှင့် ထိတွေ့) ဖြစ်လို့ quarantine ထားစစ်တဲ့သူတွေ၊ ကျန် (၈) ယောက်ကတော့ ရန်ကုန်ကပြန်လာလို့ quarantine ထားတဲ့သူတွေ။ contact (၄)ယောက်ထဲမှာ ကလောက တစ်ယောက်ကတော့ ယာဉ်နောက်လိုက်။ သူ့ကို test kit နဲ့စစ်ပြီးသား။ Negative ဖြစ်ပြီးသား။ ဒါပေမဲ့ သူ့ယာဉ်မောင်းက positive ဆိုတော့ စိတ်ချရအောင် သူ့ကို quarantine ထားပြီး ထပ်စစ်တာမှာ positive ဖြစ်တာပေါ့။ သူ့ contact ကမရှိတော့ဘူး။ နောက် contact ဖြစ်လို့စစ်တဲ့ အေးသာယာက (၃) ယောက်မှာ (၂)ယောက်ကတော့ တောင်ကြီးမြို့ပေါ် ကုန်ပစ္စည်းတွေ လိုက်ပို့တာဆိုတော့ သူတို့က contact တွေ ရှိမယ်။ ရပ်စောက်က သရက်သီးသွားပို့ပြီး ပြန်လာတဲ့ (၅)ယောက်က quarantine ဝင်တာမှာ (၄)ယောက်ကတော့ quarantine မသွားခင် သူတို့အိမ် ပြန်ကြသေးတယ်ဆိုတော့ သူတို့မိသားစုတွေ stay at home လုပ်ခိုင်းထားတယ်။ ကျန်တဲ့ (၈)ယောက်က ရန်ကုန်က ပြန်လာတာ။"ဟု ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် အောက်တိုဘာလ (၇)ရက်နေ့ စစ်ဆေးမှုအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၈၀) ခုမှ (၁၂)ခုတွင် COVID-19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာသစ် (၁၂) ဦးမှာ ကလောမြို့ ဓမ္မယာန qurantine center မှ (၁) ဦး၊ အောင်ပန်းမြို့ မိုးကုတ်ဝိပဿနာ quarantine center မှ (၁)ဦး၊ အေးသာယာ အထက (၂) quarantine center မှ (၃) ဦး၊ ရပ်စောက်မြို့ အထက(ပင်ပြစ်) quarantine center မှ (၁)ဦး၊ အထက(ကောင်းသို့) quarantine center မှ (၄)ဦး၊ တောင်ကြီး အထက (၅) quarantine center မှ (၂)ဦးတို့ဖြစ်ကြသည်။
တစ်နိုင်ငံလုံးအနေဖြင့် အောက်တိုဘာလ(၇)ရက်နေ့ ည(၈)နာရီတွင် Covid-19 အတည်ပြုလူနာ(၁,၄၀၀)ထပ်တိုး၍  အတည်ပြုလူနာ စုစုပေါင်း (၂၁,၄၃၃)ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~