တာချီလိတ်တွင် စားသောက်ဆိုင်များကို ည(၁၁)နာရီအထိ ဖွင့်ခွင့်ပေးထားပြီး COVID 19 ကာကွယ် လမ်းညွှန်ချက်လိုက်နာမှု အခြေအနေ တစ်ရက် (၂)ကြိမ် စစ်မည်

တာချီလိတ်တွင် စားသောက်ဆိုင်များကို ည(၁၁)နာရီအထိ ဖွင့်ခွင့်ပေးထားပြီး COVID 19 ကာကွယ် လမ်းညွှန်ချက်လိုက်နာမှု အခြေအနေ တစ်ရက် (၂)ကြိမ် စစ်မည်
စက်တင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်တွင် စားသောက်ဆိုင်များကို ည(၁၁)နာရီအထိ ဖွင့်ခွင့်ပေးထားပြီး COVID 19 ကာကွယ် လမ်းညွှန်ချက်လိုက်နာမှု အခြေအနေ  တစ်ရက် (၂)ကြိမ် စစ်မည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စားသောက်ဆိုင်များကို ည (၁၁)နာရီအထိ ဖွင့်ခွင့်ပေးမည်ဖြစ်သော်လည်း COVID 19 ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား လိုက်နာမှု အခြေအနေကို နေ့စဉ် (၂)ကြိမ်စစ်ဆေးပြီး လိုက်နာမှုအားနည်းပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု သိရသည်။
“စားသောက်ဆိုင်တွေကို ည (၁၁) နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်တော့ပေးမယ်။ ဒါပေမဲ့ ဒီဆိုင်တွေကို နေ့နဲ့ညနဲ့စစ်ဖို့ အဖွဲ့နှစ်ဖွဲ့ခွဲထားတယ်။ COVID 19 ကာကွယ်ရေးညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုစစ်မယ်။ ညွှန်ကြားချက်ကို လိုက်နာမှုအားနည်းရင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စားသောက်ဆိုင်များအနေဖြင့် COVID-19 ရောဂါမကူးစက်စေရေးအတွက် ဆိုင်အဝင်တွင် လက်ဆေးဘေစင်များထားရှိရန်၊ အပူချိန်တိုင်းကိရိယာများဖြင့် ဆိုင်အဝင်တွင်  အပူချိန်တိုင်းတာစစ်ဆေးရန်၊ စားပွဲဝိုင်းတစ်ခုနှင့်တစ်ခုကြား အကာအရံများထားရှိရန်၊ ကျန်းမာရေးဌာနမှ COVID-19 နှင့်ပတ်သက်သည့် ညွှန်ကြားချက်ဗီနိုင်းများကို အများမြင်သာသည့်နေရာများတွင် ထားရှိရန်၊ ဆိုင်ဝန်ထမ်းများ Mask တပ်ဆင်ရန်၊ စားသောက်ဆိုင်ဖြစ်ပါက စားပွဲထိုးနှင့် ငွေကောက်ခံသူကို သီးသန့်ထားရှိရန် စသည့်အချက်များကို လိုက်နာမှုရှိ၊မရှိ စစ်ဆေးနေခြင်းဖြစ်သည်။
COVID 19 ကာကွယ်ရေးညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုများကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့်အဖွဲ့ဖြင့် လိုက်လံစစ်ဆေးမှုများလုပ်ဆောင်နေရာမှ နေ့စဉ် နံနက်၊ ည နှစ်ကြိမ် တိုးမြှင့်စစ်ဆေးမည်ဟု သိရသည်။
ယခင်စစ်ဆေးမှုများအတွင်း လမ်းညွှန်ချက်ကို လိုက်နာခြင်းမရှိသည့်ဆိုင်အချို့ကို သတိပေးထားခြင်းဖြစ်သည်။
စားသောက်ဆိုင်များအပေါ် စစ်ဆေးတွင် သတ်မှတ်ချက်များအတိုင်း လိုက်နာခြင်း မရှိပါက ပထမအကြိမ်အနေဖြင့် သတိပေးခြင်း၊ ဒုတိယအကြိမ်အနေဖြင့် ဆိုင်(၃)ရက်ပိတ်သိမ်းခြင်း၊ တတိယအကြိမ်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။
 Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~