မိုင္းဆတ္ၿမိဳ႕ ရွမ္းမင္းသားယာဥ္လိုင္းဂိတ္တြင္ ဆီတုိင္ကီမွဆီထုတ္ယူစဥ္ မီးေလာင္မႈျဖစ္ပြား

မိုင္းဆတ္ၿမိဳ႕ ရွမ္းမင္းသားယာဥ္လိုင္းဂိတ္တြင္ ဆီတုိင္ကီမွဆီထုတ္ယူစဥ္ မီးေလာင္မႈျဖစ္ပြား
သြဂုတ် 21, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕၊ မယ္ဆြမ္ေျမာက္ရပ္ကြက္ရိွ ရွမ္းမင္းသားယာဥ္လိုင္းဂိတ္ရံုးခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္ေန႔ ေန႔လယ္ပိုင္းက မီးေလာင္ကၽြမ္းမႈျဖစ္ပြားသည္။

ရွမ္းမင္းသားယာဥ္လိုင္းဂိတ္မွဴး ဦးေက်ာ္တင့္က ေန႔လယ္ (၁)နာရီခြဲဝန္းက်င္တြင္ ဂိတ္ရံုးခန္းရိွ  ဓာတ္ဆီတိုင္ကီအတြင္းမွ ဆီထုတ္ရန္ ေဂါက္ျဖင့္ဖြင့္စဥ္ မီးပြင့္ၿပီး မီးစတင္ေလာင္ကၽြမ္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္တပ္ဖြဲ႕ႏွင့္အတူ တာဝန္ရိွသူမ်ား၊ အနီးဝန္းက်င္ရိွသူမ်ားက ဝိုင္းဝန္းၿငိႇမ္းသတ္ရာ ေန႔လယ္ (၂)နာရီ (၁၅)မိနစ္တြင္ မီးၿငိမ္းသြားျခင္းျဖစ္သည္။

မီးေလာင္မႈေၾကာင့္ ရွမ္းမင္းသားယာဥ္လိုင္းဂိတ္ဖြင့္ထားသည့္ အလ်ား(၃၀)ေပ၊ အနံ(၄၀)ေပရိွ သြပ္မိုးအုတ္ ညွပ္တစ္ထပ္ေနအိမ္(၁)လုံး မီးေလာင္ဆံုးရႈံုးသြားသျဖင့္ ဂိတ္မွဴး ဦးေက်ာ္တင့္အား ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ်မြို့ ရှမ်းမင်းသားယာဉ်လိုင်းဂိတ်တွင် ဆီတိုင်ကီမှဆီထုတ်ယူစဉ် မီးလောင်မှုဖြစ်ပွား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ရှမ်းမင်းသားယာဉ်လိုင်းဂိတ်ရုံးခန်းတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားသည်။

ရှမ်းမင်းသားယာဉ်လိုင်းဂိတ်မှူး ဦးကျော်တင့်က နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် ဂိတ်ရုံးခန်းရှိ  ဓာတ်ဆီတိုင်ကီအတွင်းမှ ဆီထုတ်ရန် ဂေါက်ဖြင့်ဖွင့်စဉ် မီးပွင့်ပြီး မီးစတင်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့နှင့်အတူ တာဝန်ရှိသူများ၊ အနီးဝန်းကျင်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ နေ့လယ် (၂)နာရီ (၁၅)မိနစ်တွင် မီးငြိမ်းသွားခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ရှမ်းမင်းသားယာဉ်လိုင်းဂိတ်ဖွင့်ထားသည့် အလျား(၃၀)ပေ၊ အနံ(၄၀)ပေရှိ သွပ်မိုးအုတ် ညှပ်တစ်ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးသွားသဖြင့် ဂိတ်မှူး ဦးကျော်တင့်အား မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net