မိုင်းဆတ်ခရိုင်အတွင်းရှိ တောထဲတွင် ပုန်းနေသူ ထိုင်းနိုင်ငံသားအား လက်နက်နှင့်အတူ ဖမ်းမိ

မိုင်းဆတ်ခရိုင်အတွင်းရှိ တောထဲတွင် ပုန်းနေသူ ထိုင်းနိုင်ငံသားအား လက်နက်နှင့်အတူ ဖမ်းမိ
မတ် 2, 2020
By Tachileik News Agency

မိုင်းဆတ်ခရိုင်အတွင်းရှိ တောထဲတွင် ပုန်းနေသူ ထိုင်းနိုင်ငံသားအား လက်နက်နှင့်အတူ ဖမ်းမိ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်အုပ်စု၊ ပါချီးကျေးရွာတွင် တောထဲပုန်း အောင်းနေသူ ထိုင်းနိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၀ ခုနှစ်၊ မတ်လ(၁) ရက်နေ့ ညနေ(၅)နာရီက ဖမ်းဆီးရမိကြောင်းသိရသည်။

မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ရှေ့တန်းဗျူဟာမှ ဗိုလ်တင်ထွန်းဦး ဦးဆောင်သော တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးတရားခံပြေးများ ပုန်းအောင်းနေသည်ဟု ယူဆရသည့် နမ့်ဟူးခွန်အုပ်စု၊ ပါချီးကျေးရွာ တောထဲတွင် လှည့်လည် ရှာဖွေနေစဉ် ချုံထဲတွင် ပုန်းအောင်းနေသူ ထိုင်းနိုင်ငံသား အသက် (၂၇)နှစ်အရွယ် ဖားထလားဖွန်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားထံမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၆)ပြားနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသော (၃)လက်မခွဲခန့်ရှိ ခဲစက္ကူ အပိုင်းစ(၅)ခုအားတွေ့ရှိရပြီး နမ့်ဟူးခွန်အုပ်စု၊ ပါချီးကျေးရွာရှိ ဖားထလားဖွန်၏ နေအိမ်အားဆက်လက် ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၆၅)ပြား သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာ ဒေသလုပ်(၁၂)ဗို့ကျည်သုံး တစ်လုံးထိုးသေနတ်(၁) လက်၊ ၎င်းကျည်(၃)တောင့်၊ တူမီးသေနတ်(၁)လက်၊ ပွိုင့်(၂၂)ကျည်သုံး လုပ်သေနတ်(၁)လက်(မှန်ပြောင်းပါ)၊ (၅ဒဿမ၅၆)ကျည်ခွံ(၅၀)ခု၊ (၉)မမကျည်ခွံ(၁၅)ခု၊ ပွိုင့်(၂၂)ကျည်ခွံ(၈)ခု၊ ခဲသီး(၈)ခု၊ (၉)မမကျည်(၁)တောင့်နှင့် အနက်ရောင်ဖုန်း (၁)လုံး ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင် Mr.Phiphop အမည်ပါ ထိုင်းနိုင်ငံ The National ID Card  (၁)ခု၊ TBM စာတမ်းပါ အပြာရောင် ထိုင်းနိုင်ငံဘဏ်စာအုပ်(၂)အုပ်၊ TBM စာတမ်းပါ ထိုင်းနိုင်ငံသုံး ငွေထုတ်ကဒ်(၁)ခု၊ Kungsri စာတမ်းပါ အဝါရောင်ဘဏ်စာအုပ်(၁)အုပ်၊ Kungsri စာတမ်းပါ အဝါရောင် ငွေ ထုတ်ကဒ်(၁)ခု၊  SCB စာတမ်းပါ ထိုင်းနိုင်ငံဘဏ်စာအုပ်(၂)အုပ်၊ SCB စာတမ်းပါ ထိုင်းနိုင်ငံသုံး ငွေထုတ်ကဒ် (၁)ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသူ ဖားထလားဖွန်ကို ပုံပါကျင်နယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၂၀၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~