ထိုင္းႏိုင္ငံမွ အမႈေပါင္း(၈)မႈျဖင့္ အလိုရိွေနသည့္ မူးယစ္ဂိုဏ္းတရားခံေျပးကို တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ၍ အေရးယူၿပီးေနာက္ မယ္ဆိုင္သို႔ လႊဲေျပာင္းကာ ျပည္ႏွင္ဒဏ္ေပး

ထိုင္းႏိုင္ငံမွ အမႈေပါင္း(၈)မႈျဖင့္ အလိုရိွေနသည့္ မူးယစ္ဂိုဏ္းတရားခံေျပးကို တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ၍ အေရးယူၿပီးေနာက္ မယ္ဆိုင္သို႔ လႊဲေျပာင္းကာ ျပည္ႏွင္ဒဏ္ေပး
ဇွန် 14, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံမွ  အမႈေပါင္း(၈)မႈျဖင့္ အလိုရိွေနသည့္ တရားခံေျပး ထိုင္းႏိုင္ငံသား ဆာရီေခၽြခ်န္အား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ၍ လ၀ကအက္ ႏွင့္ ပို႔ကုန္ သြင္းကုန္ အျပင္ ႏိုင္ငံျခားေငြကိုင္ေဆာင္သည့္ ဥပေဒမ်ားျဖင့္ အေရးယူၿပီးေနာက္  ျပစ္ဒဏ္ေစ့သည့္အတြက္ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔ ေန႔လည္ပိုင္းက ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္  ျပည္ႏွင္ဒဏ္ေပးကာ ထိုင္းဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း  ေ၀ွေလလန္ပူးေပါင္းစစ္ေဆးဂိတ္တြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔ ည(၉)နာရီခြဲ၀န္းက်င္အခ်ိန္က ပူးေပါင္းအဖြဲ႔မွ ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္စဥ္ ၎အား ဖမ္းဆီးရမိျခင္းျဖစ္ၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ထိုင္းႏုိင္ငံသားျဖစ္ေနေၾကာင္း ႏွင့္ ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ၎ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္မွာ ယာဥ္လိုင္စင္မရွိျခင္း၊ တာခ်ီလိတ္သို႔ ၀င္ေရာက္လာတြင္ တရား၀င္ ျပည္၀င္ခြင့္လက္မွတ္ အေထာက္အထားမရွိျခင္း အျပင္ ထိုင္းဘတ္ေငြေတြ႔ရွိျခင္းမ်ား စစ္ေဆးေပၚေပါက္၍ ၎အား လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္မႈ၊ တရားမ၀င္ ၀င္ေရာက္ေနထိုင္မႈ ႏွင့္ ႏိုင္ငံျခားေငြကိုင္ေဆာင္မႈ(ႏိုင္ငံျခားေငြေၾကးစီမံခန္႔ခြဲမႈဥပေဒ)တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔ ျပည္ႏွင္ဒဏ္ေပးလိုက္တဲ့ ဆာရီေခၽြခ်န္ကို ေ၀ွေလလန္ပူးေပါင္းစစ္ေဆးေရးဂိတ္မွာမိတယ္။ ပထမ စစစ္တာေတာ့ ဆိုင္ကယ္လိုင္စင္မပါလို႔ စစ္ရင္းကေန ထိုင္းႏိုင္ငံသားလို႔ သိရလို႔ျပည္၀င္ခြင့္ဗီဇာစစ္တယ္။ ျပည္၀င္ခြင့္မရိွေတာ့ လ၀က အက္ေပါ့ ၃(၁) နဲ႔ ဒဏ္ေငြ (၁၀) သိန္းေပါ့။ ေနာက္ၿပီးေတာ့ ပို႔/သြင္း (၈) အရ ေထာင္ (၁) လနဲ႔ဒဏ္ေငြ (၅) သိန္း။ ေနာက္သူဆီမွာ ထိုင္းဘတ္ေငြ (၃) သိန္းပါလာတဲ့အတြက္ ႏိုင္ငံျခားေငြ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ (၄၂) အရေပါ့ ေထာင္ (၁) လနဲ႔ ေငြဒဏ္ (၁၀) သိန္း။ ေငြဒဏ္လည္းေဆာင္တယ္၊ ေထာင္ျပစ္ဒဏ္လည္းၿပီးသြားတဲ့အခါက်ေတာ့ ျပည္ႏွင္ခြင့္ေပါ့။ ထိုင္းႏိုင္ငံက တာ၀န္ရိွသူေတြနဲ႔ ဒီဘက္က တာ၀န္ရိွသူေတြနဲ႔ အမွတ္ (၁) တံတားမွာ တရား၀င္လႊဲေျပာင္းေပးခဲ့တာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမႈဖြင့္အေရးယူဆဲကာလတြင္း တာခ်ီလိတ္တြင္ ဖမ္းဆီးရမိထားသည့္ ထိုင္းႏုိင္ငံသား ဆာရီေခ်ြခ်န္သည္ ထိုင္းႏုိင္ငံမွ အမႈေပါင္း (၈)ခုျဖင့္ အလိုရွိေနသည့္ တရားခံျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္ေနသည့္ အဓိက တရားခံတစ္ဦးျဖစ္ေနေၾကာင္းကို ထိုင္းဘက္က ဆက္သြယ္အသိေပးလာေၾကာင္း သိရသည္။

ဆာရီေခ်ြခ်န္သည္ မူးယစ္တရားခံေျပးတစ္ဦးျဖစ္ရာ ၎၏မူးယစ္ဂိုဏ္း၀င္မ်ားထဲက (၂၉) ဦးကိုလည္း ထိုင္းရဲတပ္ဖြဲ႔မ်ားက ဖမ္းဆီးရမိထားၿပီး ၎ပိုင္ဆိုင္သည့္ ဘဏ္အပ္ေငြႏွင့္ပစၥည္းမ်ားကိုလည္း ႏိုင္ငံပိုင္ဘ႑ာအျဖစ္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ျပည္ႏွင္ဒဏ္အျဖစ္ အမည္မဲစာရင္းသြင္းကာ လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာႏိုင္ငံဘက္မွ တာခ်ီလိတ္ခရိုင္ လ၀ကဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းႏိုင္၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္စိုးေအာင္၊  လ၀က ဌာနခြဲ (၆) တာခ်ီလိတ္မွ ဌာနခြဲမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမာကု၊ တာခ်ီလိတ္ၿမိဳ႕နယ္ လ၀က ဦးစီးမွဴး ဦးစိုင္းစံတစ္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးႏွင့္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးတို႔ ပါ၀င္ေသာပူးေပါင္းအဖြဲ႕က ထိုင္းႏိုင္ငံဘက္မွ လ၀က ရဲခ်ဳပ္ စုမ္းဖံုးခ်င္းဓူ၀ံ၊ အမွတ္ (၈) ဒုတိယရဲျပည္နယ္မွဴး ေအ့ကြန္းဘြန္းစဖား၊ လ၀က ခရိုင္မွဴး ခ်တ္ခ်ိဳင္းစမ္းနင္းယန္း၊ မယ္ဆိုင္ၿမိဳ႕ပိုင္ စုမ္းဆတ္ခနားခမ္း၊ အေကာက္ခြန္ညႊန္မွဴး စိအရြန္႔ယိုင္ဗို၀ါေထ့၊ လ၀က ရဲဗိုလ္ႀကီး ဂ်တုေပါကန္လယာႏွင့္ ထ၀ီခ်ိဳ႕ပင္းမီယန္တို႔ထံ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမှ အမှုပေါင်း(၈)မှုဖြင့် အလိုရှိနေသည့် တရားခံပြေး ထိုင်းနိုင်ငံသား ဆာရီချွေချန်အား တာချီလိတ်တွင် ဖမ်းဆီးရမိ၍ လဝကအက် နှင့် ပို့ကုန် သွင်းကုန် အပြင် နိုင်ငံခြားငွေကိုင်ဆောင်သည့် ဥပဒေများဖြင့် အရေးယူပြီးနောက် ပြစ်ဒဏ်စေ့သည့်အတွက် ၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ပြည်နှင်ဒဏ်ပေးကာ ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဝှေလေလန်ပူးပေါင်းစစ်ဆေးဂိတ်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်စဉ်၎င်းအား ဖမ်းဆီးရမိခြင်းဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်ရာက ထိုင်းနိုင်ငံသားဖြစ်နေကြောင်း နှင့် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာတွင်၎င်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှာ ယာဉ်လိုင်စင်မရှိခြင်း၊ တာချီလိတ်သို့ ဝင်ရောက်လာတွင် တရားဝင် ပြည်ဝင်ခွင့်လက်မှတ် အထောက်အထားမရှိခြင်း အပြင် ထိုင်းဘတ်ငွေတွေ့ရှိခြင်းများ စစ်ဆေးပေါ်ပေါက်၍၎င်းအား လိုင်စင်မဲ့မော်တော်ဆိုင်ကယ်မောင်းနှင်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု နှင့် နိုင်ငံခြားငွေကိုင်ဆောင်မှု(နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုဥပဒေ)တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့ ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဆာရီချွေချန်ကို ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာမိတယ်။ ပထမ စစစ်တာတော့ ဆိုင်ကယ်လိုင်စင်မပါလို့ စစ်ရင်းကနေ ထိုင်းနိုင်ငံသားလို့ သိရလို့ပြည်ဝင်ခွင့်ဗီဇာစစ်တယ်။ ပြည်ဝင်ခွင့်မရှိတော့ လဝက အက်ပေါ့ ၃(၁) နဲ့ ဒဏ်ငွေ (၁၀) သိန်းပေါ့။ နောက်ပြီးတော့ ပို့/သွင်း (၈) အရ ထောင် (၁) လနဲ့ဒဏ်ငွေ (၅) သိန်း။ နောက်သူဆီမှာ ထိုင်းဘတ်ငွေ (၃) သိန်းပါလာတဲ့အတွက် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၄၂) အရပေါ့ ထောင် (၁) လနဲ့ ငွေဒဏ် (၁၀) သိန်း။ ငွေဒဏ်လည်းဆောင်တယ်၊ ထောင်ပြစ်ဒဏ်လည်းပြီးသွားတဲ့အခါကျတော့ ပြည်နှင်ခွင့်ပေါ့။ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ ဒီဘက်က တာဝန်ရှိသူတွေနဲ့ အမှတ် (၁) တံတားမှာ တရားဝင်လွှဲပြောင်းပေးခဲ့တာပါ"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှုဖွင့်အရေးယူဆဲကာလတွင်း တာချီလိတ်တွင် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား ဆာရီချွေချန်သည် ထိုင်းနိုင်ငံမှ အမှုပေါင်း (၈)ခုဖြင့် အလိုရှိနေသည့် တရားခံဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် အဓိက တရားခံတစ်ဦးဖြစ်နေကြောင်းကို ထိုင်းဘက်က ဆက်သွယ်အသိပေးလာကြောင်း သိရသည်။

ဆာရီချွေချန်သည် မူးယစ်တရားခံပြေးတစ်ဦးဖြစ်ရာ၎င်း၏မူးယစ်ဂိုဏ်းဝင်များထဲက (၂၉) ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိထားပြီး၎င်းပိုင်ဆိုင်သည့် ဘဏ်အပ်ငွေနှင့်ပစ္စည်းများကိုလည်း နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ပြည်နှင်ဒဏ်အဖြစ် အမည်မဲစာရင်းသွင်းကာ လွှဲပြောင်းပေးအပ်ရာတွင် မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင် လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးအောင်၊ လဝက ဌာနခွဲ (၆) တာချီလိတ်မှ ဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမာကု၊ တာချီလိတ်မြို့နယ် လဝက ဦးစီးမှူး ဦးစိုင်းစံတစ်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးတို့ ပါဝင်သောပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံဘက်မှ လဝက ရဲချုပ် စုမ်းဖုံးချင်းဓူဝံ၊ အမှတ် (၈) ဒုတိယရဲပြည်နယ်မှူး အေ့ကွန်းဘွန်းစဖား၊ လဝက ခရိုင်မှူး ချတ်ချိုင်းစမ်းနင်းယန်း၊ မယ်ဆိုင်မြို့ပိုင် စုမ်းဆတ်ခနားခမ်း၊ အကောက်ခွန်ညွှန်မှူး စိအရွန့်ယိုင်ဗိုဝါထေ့၊ လဝက ရဲဗိုလ်ကြီး ဂျတုပေါကန်လယာနှင့် ထဝီချို့ပင်းမီယန်တို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net