ရှမ်းပြည်နယ် (တောင်ပိုင်း) တာကော်တံတားတွင် ဆီဘောက်ဆာတစ်စီးထဲက အိုက်စ် (၁၆၀၀)ကို ကီလိုဖမ်းမိပြီး ယာဉ်မောင်းမှာ သံလွင်မြစ်တွင်း ခုန်ချလွတ်မြောက်

ရှမ်းပြည်နယ် (တောင်ပိုင်း) တာကော်တံတားတွင် ဆီဘောက်ဆာတစ်စီးထဲက အိုက်စ် (၁၆၀၀)ကို ကီလိုဖမ်းမိပြီး ယာဉ်မောင်းမှာ သံလွင်မြစ်တွင်း ခုန်ချလွတ်မြောက်
သြဂုတ် 28, 2020
By Tachileik News Agency
ရှမ်းပြည်နယ် (တောင်ပိုင်း) တာကော်တံတားတွင် ဆီဘောက်ဆာတစ်စီးထဲက အိုက်စ် (၁၆၀၀)ကို ကီလိုဖမ်းမိပြီး ယာဉ်မောင်းမှာ သံလွင်မြစ်တွင်း ခုန်ချလွတ်မြောက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွမ်ဟိန်းမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)တွင် အိုက်စ်မူးယစ်ဆေး (၁၆၀၀)ကီလိုဖြင့် ဖမ်းမိသည့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်းမှာ သံလွင်မြစ်တွင်း ခုန်ချထွက်ပြေးသွားပြီး ယာဉ်နောက်လိုက်ကို ဖမ်းမိထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ကွမ်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်  ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်အား စစ်ဆေးရာမှ မူးယစ်ဆေးများ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ဆီဘောက်ဆာယာဉ်အား ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းသည် စစ်ဆေးရေးဂိတ် မရောက်မီ ယာဉ်အား ရပ်တန့်ကာ ကားလမ်းဘေး လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်း ခုန်ချသွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်အား စစ်ဆေးရာ အိုက်စ် (၁၆၀၀) ကီလို သယ်ဆောင်လာသည်ကို တွေ့ရသဖြင့် ဖမ်းဆီးရမိသည့်  မူးယစ်ဆေး၊ ဆီဘောက်ဆာယာဉ်နှင့် ယာဉ်နောက်လိုက် ကျန်းမိန်မိန်း (ခ) ဝင်းနိုင်အား ကာလိနယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်နေသည့် ယာဉ်မောင်း စိုင်းသန်းထွန်းနှင့် ယာဉ်နောက်လိုက် ကျန်းမိန်မိန်း (ခ) ဝင်းနိုင်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~