တာချီလိတ်မြို့၏ မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်း မီးခိုးဖုံးလွှမ်းမှု အခြေအနေများကြောင့် လေယာဉ်များ နေ့လည်ပိုင်းမှ ဆင်းသက်နိုင်မည်

တာချီလိတ်မြို့၏ မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်း မီးခိုးဖုံးလွှမ်းမှု အခြေအနေများကြောင့် လေယာဉ်များ နေ့လည်ပိုင်းမှ ဆင်းသက်နိုင်မည်
မတ် 13, 2020
By Tachileik News Agency
တာချီလိတ်မြို့၏ မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်း မီးခိုးဖုံးလွှမ်းမှု အခြေအနေများကြောင့် လေယာဉ်များ နေ့လည်ပိုင်းမှ ဆင်းသက်နိုင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တောင်ယာမီး၊ တောမီးများကြောင့် မီးခိုးမြူဖုံးလွှမ်းနေမှုကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်သို့ ပျံသန်းမည့် လေယာဉ်မှာ ဟဲဟိုးလေဆိပ်တွင် စောင့်ဆိုင်းနေရပြီး နေ့လယ်ပိုင်းတွင် ဆင်းသက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

“အခုအခြေအနေဆို နေ့လယ် (၁၂)နာရီလောက်မှ ဆင်းနိုင်မယ် ခန့်မှန်းပါတယ်။ မနေ့ကလည်း အဲဒီအချိန်လောက်ပဲ ပွင့်တယ်။ အခုမနက် တာချီလိတ်ကိုဆင်းမယ့်လေယာဉ်က ဟဲဟိုးမှာ စောင့်နေတယ်။ MNA စောင့်နေတယ်”ဟု တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ပွင့်လင်းရာသီအတွင်း ဒေသတွင်းမှ တောင်ယာမီး၊ တောမီးများကြောင့် မီးခိုးမြူဖုံးလွှမ်းချိန်တွင် လေယာဉ်ခရီးစဉ်များ စောင့်ဆိုင်းရခြင်းကို နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် လာအိုနိုင်ငံများ၌ စိုက်ပျိုးမြေ မီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းဓလေ့များကြောင့် ပွင့်လင်းရာသီအတွင်း မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~