ရှမ်းပြည်နယ်တွင်း သင်္ကြန်ပွဲကျင်းပရေး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်မှု အခြေအနေကို စောင့်ကြည့်မည်

ရှမ်းပြည်နယ်တွင်း သင်္ကြန်ပွဲကျင်းပရေး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်မှု အခြေအနေကို စောင့်ကြည့်မည်
မတ် 6, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း သင်္ကြန်ပွဲကျင်းပရေး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်မှုအခြေအနေကို စောင့်ကြည့်မည်

ရှမ်းပြည်နယ်တွင်း သင်္ကြန်ပွဲတော်များ ကျင်းပရေးကို ၂၀၂၀ ခုနှစ်၊ မတ်လကုန်အထိ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိအနေအထားအရ မန္တလေးဆိုရင် ပိတ်မယ်လို့ အကြမ်းဖျဉ်း သိရတာပေါ့။ အခုကတော့ ပြောဖို့ နည်းနည်းစောသေးတယ် ထင်တာပေါ့။ တချို့ဟာလေးတွေတော့ မလိုအပ်ရင် မလုပ်ဖို့ လိုတာပေါ့။ ဒီလကုန်လောက်မှာ တကယ်လို့ ဒီအနေအထားအတိုင်းဆို ပိတ်သင့်တာပေါ့။ ဒီကြားထဲမှာ ကူးစက်နှုန်း ထိန်းချုပ်လို့ရတာမျိုးတို့ တစ်ခုခု Control လုပ်လို့ရတဲ့ အနေအထားဖြစ်လာရင် တစ်မျိုးပေါ့

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့က ပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၆)ရက်နေ့ နံနက်အထိ  နိုင်ငံပေါင်း (၈၇)နိုင်ငံတွင် ကူးစက်ခံရသူပေါင်း (၉၇,၈၃၇)ဦး ရှိနေပြီး သေဆုံးသူ (၃၃၄၇)ဦး ရှိနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသည့် နိုင်ငံများတွင် ပါဝင်သည့် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း သင်္ကြန်ပွဲတော်ကျင်းပရေးကို ဒေသအလိုက် ရောဂါကူးစက်မှုအပေါ်မူတည်၍ ဆုံးဖြတ်မည်ဟု သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~