ရွာငံမြို့နယ်ရှိ ရေပြာအိုင်သွားရာလမ်းအား တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁၈၀၀)ကျော် အကုန်အကျခံကာ ခင်ကျင်းလှူဒါန်းမှု (၃၀) ရာခိုင်နှုန်းပြီး
ရွာငံမြို့နယ်ရှိ ရေပြာအိုင်သွားရာလမ်းအား တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁၈၀၀)ကျော် အကုန်အကျခံကာ ခင်ကျင်းလှူဒါန်းမှု (၃၀) ရာခိုင်နှုန်းပြီး
ဇှနျ 15, 2019
By Tachileik News Agency
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရေပြာအိုင်သို့သွားရာ အ၀င်လမ်း (၁) မိုင်အရှည်ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ ကျောက် ကတ္တရာ လမ်းအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၃)ရက်နေ့က စတင်ခင်းကျင်းလှူဒါန်းခဲ့ရာတွင် ဇွန်လ (၁၅)ရက်နေ့တွင်  (၃၀) ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရေပြာအိုင်သို့သွားရာ အ၀င်လမ်း (၁) မိုင်အရှည်မှာ ယခင်က  (၁၂) ပေအကျယ် ကျောက်ကြမ်းလမ်းဖြစ်နေရာ ယခုအခါမှာ (၁၆) ပေအကျယ် ကျောက်ကတ္တရာခင်းကျင်းမည်ဖြစ်ပြီး လမ်းပုခုံးသားအပါအ၀င် ပေ (၄၀) အကျယ် လမ်းမကြီးအဖြစ် ဖောက်လုပ်လှူဒါန်းနေကြောင်း သိရသည်။
တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့ ဆူဠာမုနိစတီတော်ရင်ပြင်တော် အတက်အဆင်းလမ်းနှင့် ကားပါကင်ဧရိယာနိုင်လွန်ကတ္တရာခင်းခြင်းကို ကျပ်သိန်း (၁,၆၀၀) ကျော် အကုန်အကျခံ တည်ဆောက်မှု အပါအ၀င် စာသင်ကျောင်းများနှင့် ပရဟိတကျောင်းများတွင် ကျပ်သိန်း (၂,၀၀၀) နီးပါး အသုံးပြုလှူဒါန်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရေပြာအိုင်အ၀င်လမ်းခင်းခြင်းအပါအ၀င် အခြားလှူဒါန်းမှုများအတွက် ကျပ်သိန်း (၃,၀၀၀)သတ်မှတ်လျာထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ၀င်းမင်းဌေး
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရပြောအိုင်သို့သွားရာ အဝင်လမ်း (၁) မိုင်အရှည်ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ ကျောက် ကတ္တရာ လမ်းအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၃)ရက်နေ့က စတင်ခင်းကျင်းလှူဒါန်းခဲ့ရာတွင် ဇွန်လ (၁၅)ရက်နေ့တွင် (၃၀) ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရပြောအိုင်သို့သွားရာ အဝင်လမ်း (၁) မိုင်အရှည်မှာ ယခင်က (၁၂) ပေအကျယ် ကျောက်ကြမ်းလမ်းဖြစ်နေရာ ယခုအခါမှာ (၁၆) ပေအကျယ် ကျောက်ကတ္တရာခင်းကျင်းမည်ဖြစ်ပြီး လမ်းပုခုံးသားအပါအဝင် ပေ (၄၀) အကျယ် လမ်းမကြီးအဖြစ် ဖောက်လုပ်လှူဒါန်းနေကြောင်း သိရသည်။
"(၃၀) ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ မြေသားလမ်းပြုပြင်ပြီးတော့ ထုအခြေခံလွှာတွပြေင်နပြေီ။ (၁၆) ပေအကျယ် ကတ္တရာလမ်းခင်းမှာပေါ့"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီအနဖြေင့် ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့ ဆူဠာမုနိစတီတော်ရင်ပြင်တော် အတက်အဆင်းလမ်းနှင့် ကားပါကင်ဧရိယာနိုင်လွန်ကတ္တရာခင်းခြင်းကို ကျပ်သိန်း (၁,၆၀၀) ကျော် အကုန်အကျခံ တည်ဆောက်မှု အပါအဝင် စာသင်ကျောင်းများနှင့် ပရဟိတကျောင်းများတွင် ကျပ်သိန်း (၂,ဝဝဝ) နီးပါး အသုံးပြုလှူဒါန်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရပြောအိုင်အဝင်လမ်းခင်းခြင်းအပါအဝင် အခြားလှူဒါန်းမှုများအတွက် ကျပ်သိန်း (၃,ဝဝဝ)သတ်မှတ်လျာထားကြောင်း သိရသည်။
မိတ္ထီလာ - ကလော - တောင်ကြီး လမ်းပိုင်းအား (၄၈)ပေအကျယ်အဖြစ် B.O.T စနစ်ဖြင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ဖောက်လုပ်နေလျက်ရှိရာ ကလော - တောင်ကြီးလမ်းပိုင်းအား ပြီးသွားပြီဖြစ်ပြီး နမ့်ပန်တက် နှင့် ကလော လမ်းပိုင်းအကြားတွင် ကျန်ရှိနေသည်များကို ဆက်လက် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဝင်းမင်းဌေး
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net