ရှမ်းပြည်နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်များမှ CDM ဝန်ထမ်း(၅၀)ဦး အလုပ်ထုတ်ခံရ

ရှမ်းပြည်နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်များမှ CDM ဝန်ထမ်း(၅၀)ဦး အလုပ်ထုတ်ခံရ

ရှမ်းပြည်နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်မှ CDM လုပ်ဆောင်ထားသည့်  ဝန်ထမ်း (၅၀)ဦးကို အာဏာသိမ်းအဖွဲ့က ဝန်ထမ်းအဖြစ်က ထုတ်ပစ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း  မြန်မာ့စီးပွားရေးဘဏ်များမှ CDM လုပ်ဆောင်ထားသည့် ဝန်ထမ်းများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁၃)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၁၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၁၉)ဦး နှင့် ရှမ်းပြည်နယ်ရုံးမှ (၅)ဦး စုစုပေါင်း (၅၀)ဦးကို အလုပ်မှ ထုတ်ပစ်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အနေဖြင့် ခရိုင်(၃)ခရိုင်အနက် မိုင်းဆတ်ခရိုင်ကလွဲ၍ တာချီလိတ်မြို့ခရိုင်မှ (၅)ဦး၊ ကျိုင်းတုံခရိုင်မှ (၈)ဦး CDM တွင် ပါဝင်၍ အလုပ်ထုတ်ခံရသည်။