မန္တလေး-တောင်ကြီး ဖြတ်လမ်းဖြစ်သည့် ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းပိုင်း အဆင့်မြှင့်တင်မှု ဖေဖော်ဝါရီလအတွင်း စတင်မည်

မန္တလေး-တောင်ကြီး ဖြတ်လမ်းဖြစ်သည့် ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းပိုင်း အဆင့်မြှင့်တင်မှု ဖေဖော်ဝါရီလအတွင်း စတင်မည်
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency

မန္တလေး - တောင်ကြီး ဖြတ်လမ်းဖြစ်သည့် ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းပိုင်း အဆင့်မြှင့်တင်မှု ဖေဖော်ဝါရီလအတွင်း စတင်မည်

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဖြတ်လမ်းဖြစ်သည့် ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းပိုင်းအား အဆင့်မြှင်တင်မှုကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျန်တဲ့အပိုင်းပေါ့။ တစ်လမ်းလုံးက (၁၈) ပေအကုန်ဖြစ်သွားပြီ။ ကျန်တဲ့အပိုင်းကို ဂျပန် ODA Lone နဲ့ လမ်းတာဘောင်ချဲ့တယ်။ (၁၈) ပေအကျယ်ကတ္တရာခင်းတယ်။ အဲဒီအပိုင်းပြီးရင် ဟန်မြင့်မိုရ်ကနေ ကျုံးအထိကို (၁၈) ပေဖြစ်သွားပြီ။ ၂၀၁၄ ခုနှစ်ကတည်းက အဆင့်မြှင့်တင်ခဲ့တာပေါ့။ အပိုင်းလိုက် အပိုင်းလိုက် ဆောင်ရွက်ခဲ့တာဒ ရန်ပုံငွေရရှိတဲ့အပေါ်မူတည်ပြီးတော့။ ဒီလမ်းတစ်ခုလုံးကို ကျွန်တော်တို့ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့တာပေါ့"

ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းအထူးအဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးနန်းမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ပြောသည်။

ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းပိုင်းလမ်းပိုင်းမှာ အရှည် (၇၉) မိုင် (၁) ဖာလုံရှိပြီး အဆင့်မြှင့်တင်ရန် ကျန်ရှိသည့် (၁၈) မိုင် (၄) ဖာလုံကို ၂၀၂၀ ခုနှစ်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

"ဖေဖော်ဝါရီလထဲ စလုပ်မယ်။ ဟန်မြင့်မိုရ် - အောင်ပန်းလမ်းပိုင်းက မန္တလေးကနေ တောင်ကြီးလာတဲ့ဖြတ်လမ်း၊ အရင် (၁၂) ပေ ကျောက်ချောလမ်းကို (၁၈) ပေအကျယ် ကျောက်ကတ္တရာ တိုးချဲ့ခင်းမယ်။ တည်ဆောက်ရေးကာလ (၂) နှစ် သတ်မှတ်ထားတယ်"

ဟု Robust Goal Construction Co.,ltd မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ
အောင်ပန်းလမ်းပိုင်းကို ဂျပန်နိုင်ငံ၏ JICA- ODA Loan Phase ဖြင့် (၁၂) ပေအကျယ် ကျောက်ချောလမ်းမှ (၁၈) ပေအကျယ် ကျောက်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို Robust Goal Construction Co.,ltd မှ (၁၁) မိုင် (၁) ဖာလုံ၊ MAX Myanmar Construction Co.,ltd မှ (၇) မိုင် (၃) ဖာလံကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနနှင့် ၂၀၂၀ ခုနှစ်ဇန်နဝါရီလ (၂၈) ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဝင်းမင်းဌေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~