{TV News} ရှမ်းပြည်နယ်အတွင်း မီးခိုးမြူပြသနာအတွက် တိုင်းရင်းသား ဘာသာများဖြင့်ပါ အသိပညာပေးမည်

{TV News} ရှမ်းပြည်နယ်အတွင်း မီးခိုးမြူပြသနာအတွက် တိုင်းရင်းသား ဘာသာများဖြင့်ပါ အသိပညာပေးမည်
မတ် 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း မီးခိုးမြူပြသနာအတွက် တိုင်းရင်းသား ဘာသာများဖြင့်ပါ အသိပညာပေးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့တွေ လျော့ချရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်တွေကို ဒေသတွင်း တိုင်းရင်းသား ဘာသာတွေနဲ့ ပုံနှိပ်ဖြန့်ဝေမှုတွေလုပ်ဆောင်နေပြီး အခြားဘာသာတွေလည်း ပုံနှိပ်ဖြန့်ဝေသွားမှာ ဖြစ်ကြောင်း   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောပါတယ်။

မီးခိုးမြူပြသနာက တာချီလိတ်ခရိုင်အတွင်းမကပဲ ဒေသတွင်းပြသနာဖြစ်နေတဲ့အတွက် ပြည်ထောင်စုအစိုးရအဆင့်က ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးက ပြောပါတယ်။

မီးခိုးမြူတွေနဲ့ တောမီးများနဲ့ပတ်သက်ပြီး ညစ်ထူညစ်ညမ်းမှုကို လျော့ချရေးအတွက် တိုင်းရင်းသား ကျေးရွှာတွေမှာ အသိပညာပေးမှုတွေ လုပ်ဆောင်ပြီး တိုင်းရင်းသား ဘာသာစာသားတွေနဲ့ ရိုက်နှိပ်ထားတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေပေးတာတွေလည်း လုပ်ဆောင်နေကြတာကို တွေ့ရှိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~