Covid-19 ကာကွယ်ဆေးထိုးပြီး ပြန်လာသည့် အရပ်သား (၂၂)ဦးအဖွဲ့၏ ကား တိမ်းမှောက်၍ (၁၁)ဦး သေဆုံး

Covid-19 ကာကွယ်ဆေးထိုးပြီး ပြန်လာသည့် အရပ်သား (၂၂)ဦးအဖွဲ့၏ ကား တိမ်းမှောက်၍ (၁၁)ဦး သေဆုံး

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်အတွင်း  မက်ဝိန်းကျေးရွာအပိုင်း မက်မန်း - မန်ဝိန်းကားလမ်းတွင် Covid-19 ကာကွယ်ဆေးထိုးပြီး ပြန်လာသည့်အဖွဲ့၏ မော်တော်ယာဉ် တိမ်းမှောက်ရာမှ (၁၁)ဦး သေဆုံးသွားကြောင်း သိရသည်။

မတ်လ(၁၂)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က  တိမ်းမှောက်သည့် HILUX အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် (၂၂)ဦး ပါရှိရာ  အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၆)ဦးတို့ သေဆုံးသွားပြီး ကျန်(၁၁)ဦးမှာ ထိခိုက်ဒဏ်ရာများရကြောင်း သိရသည်။

နံနက်(၉)နာရီအချိန်က ဆေးသွားထိုးကြအပြီး အပြန်တွင် ယာဉ်တိမ်းမှောက်ခြင်းဖြစ်သည်။

 

"မနေ့ နံနက် (၉)နာရီခွဲက ကိုဗစ်ကာကွယ်ဆေးထိုးပြီး အပြန်မှာ ကားမှောက်တာ၊  ဒဏ်ရာရရှိသူတွေကိုတော့ မက်မန်းဆေးရုံမှာ ပို့ထားတယ်"ဟု အမည်မဖော်လိုသူ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၃)ရက်နေ့တွင် ပြောသည်။

 

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ မက်မန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် သက်ဆိုင်ရာများက  ကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံ - မီးသတ်တပ်ဖွဲ့