တာချီလိတ်မြို့တွင်း မီးခိုးများ သိသိသာသာ ဖုံးလွှမ်း

တာချီလိတ်မြို့တွင်း မီးခိုးများ သိသိသာသာ ဖုံးလွှမ်း
မတ် 12, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း မီးခိုးများ သိသိသာသာ ဖုံးလွှမ်း

နွေရာသီကာလ တောမီးခိုးများကြောင့် နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာ  ၂၀၂၀ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီခွဲအထိ မီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းနေပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ မီးခိုးမြူများဖုံးလွှမ်းမှုကြောင့် တာချီလိတ်နဲ့နီးတဲ့ မယ်ဆိုင်မြို့ရဲ့ ဝန်းကျင်အတွင်း လေထုအရည်အသွေး တိုင်းတာမှုမှာ နီညိုအဆင့်မှာ ရောက်ရှိနေသော်လည်း တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ (၂၄)နာရီအတွင်း လေထုတိုင်းချက် မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအထိ ရလာဒ်မှာ အဝါရောင်အဆင့်သာ ရှိနေသေးကြောင်း တွေ့ရပါတယ်။

လေထုအရည်အသွေး၏ အခြေအနေများကို အစိမ်းရောင်၊အဝါရောင်၊  လိမ္မော်ရောင်၊ အနီရောင်၊ခရမ်းရောင် နဲ့  နီညိုရောင်ဆိုပြီး အဆင့်အမျိုးအစားလိုက် သတ်မှတ်ထားရာမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မှာက နီညိုရောင်အဆင့်ပြထားပြီး တာချီလိတ်မှာတော့ အဝါရောင်အဆင့်ပြထားပေမဲ့ မီးခိုးမြူများဟာ အဆမတန်ဖုံးလွှမ်းလာနေလို့ ဒေသတွင်းက လူတော်တော်များများဟာ မျက်စိစပ်တာတွေ၊ လည်ချောင်းယားယံတာတွေ အသက်ရှုကြပ်တာတွေအထိ ဖြစ်နေကြပါတယ်။

မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် ချင်းရိုင်းခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း တောမီးများရှို့နေမှုကြောင့် အခုလို တော်မီးခိုးမြူတွေ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~