ကျိုင်းတုံမြို့မှ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ကလေးငယ် ဓါတ်ခွဲအဖြေအရ ရောဂါးပိုးမတွေ့၍ ဆေးရုံက ဆင်း

ကျိုင်းတုံမြို့မှ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ကလေးငယ် ဓါတ်ခွဲအဖြေအရ ရောဂါးပိုးမတွေ့၍ ဆေးရုံက ဆင်း
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

ကျိုင်းတုံမြို့မှ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ကလေးငယ် ဓါတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့၍ ဆေးရုံက ဆင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် မိသားစုမှ ကလေးငယ်တစ်ဦး ဖျားပြီး ချောင်းဆိုးနေသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ သီးခြားစောင့်ကြည့်ကုသနေရာမှ ဓါတ်ခွဲအဖြေအရ ကိုရိုနာဗိုင်းရပ်စ် မဟုတ်ကြောင်း သိရ၍ ကျိုင်းတုံပြည်သူ ဆေးရုံမှ ဖေဖော်ဝါရီလ(၆)ရက်နေ့ ညနေပိုင်းက ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

"မနေ့က ဆေးရုံက ဆင်းပါတယ်။ တနေ့ညက ဒီကလေးမှာ ပိုးမရှိကြောင်းကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကလေးရော ကျန်တဲ့ (၄) ယောက်စလုံး ကျန်းကျန်းမာမာနဲ့ဆေးရုံက ဆင်းပေးလိုက်တယ်"

ဟု ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ မိသားစုနှင့်တူ ပါလာသည့် အသက်(၁)နှစ်(၂)လအရွယ် မိန်းကလေးမှာ နေမကောင်းဖြစ်ရာမှ ၎င်း၏ နှာခေါင်းတို့ဖတ်အား ဓါတ်ခွဲစစ်ဆေးရာက ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့ ည (၁၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်(၁၀)နာရီ အချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာမှာ (၃၁,၄၇၂)ဦးရှိပြီး သေဆုံးသူ (၆၃၈)ဦးအထိရှိလာ သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်သည်။


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~