မိုင်းပျဉ်းတွင် အုန်းပင်အငှားခုတ်လဲသည့် အမျိုးသားတစ်ဦး အုန်းပင်ပိ၍ သေဆုံး

မိုင်းပျဉ်းတွင် အုန်းပင်အငှားခုတ်လဲသည့် အမျိုးသားတစ်ဦး အုန်းပင်ပိ၍ သေဆုံး
အောက်တိုဘာ 5, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့တွင် အုန်းပင်အငှားခုတ်သည့် အမျိုးသားတစ်ဦး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ ညနေ(၃)နာရီ မိနစ် (၄၀) က အုန်းပင်ပိ၍ သေဆုံးသွားခဲ့သည်။

မိုင်းပျဉ်းမြို့ ပိန်းဆန်းရပ်ကွက်ရှိ နေအိမ်ခြံဝန်းတစ်ခုမှ အုန်းပင် (၃)ပင်ကို တစ်ပင်လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ခုတ်လှဲနေသည့် အသက် (၄၆)နှစ်အရွယ် ဦးဘစောနှင့် အသက် (၃၅)နှစ်အရွယ် ဦးစိုင်းဝင်းတို့က ခုတ်လှဲပေးနေစဉ် ဦးဘစောမှာ အုန်းပင်ပိ၍ နေရာတွင် သေဆုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအားစစ်ဆေးပြီးနောက် သေဆုံးသူကို မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့စစ်ထားပြီး မိုင်းပျဉ်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၉ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မုိင္းပ်ဥ္းတြင္ အုန္းပင္အငွားခုတ္လဲသည့္ အမ်ိဳးသားတစ္ဦး အုန္းပင္ပိ၍ ေသဆံုး
***************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မုိင္းပ်ဥ္းၿမိဳ႕တြင္ အုန္းပင္အငွားခုတ္သည့္ အမ်ိဳးသားတစ္ဦး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၅)ရက္ေန႔ ညေန(၃)နာရီ မိနစ္ (၄၀) က အုန္းပင္ပိ၍ ေသဆံုးသြားခဲ့သည္။

မုိင္းပ်ဥ္းၿမိဳ႕ ပိန္းဆန္းရပ္ကြက္ရိွ ေနအိမ္ၿခံဝန္းတစ္ခုမွ အုန္းပင္ (၃)ပင္ကို တစ္ပင္လွ်င္ က်ပ္သံုးေသာင္းႏႈန္းျဖင့္ ခုတ္လွဲေနသည့္ အသက္ (၄၆)ႏွစ္အရြယ္ ဦးဘေစာႏွင့္ အသက္ (၃၅)ႏွစ္အရြယ္ ဦးစိုင္းဝင္းတို႔က ခုတ္လွဲေပးေနစဥ္ ဦးဘေစာမွာ အုန္းပင္ပိ၍ ေနရာတြင္ ေသဆံုးသြားရျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအားစစ္ေဆးၿပီးေနာက္ ေသဆံုးသူကို မုိင္းပ်ဥ္းၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုသို႔ ပို႔စစ္ထားၿပီး မုိင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၄/၂၀၁၉ ျဖင့္ အမႈဖြင့္ထားေၾကာင္းသိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net