မိုင်းခတ်မြို့နယ်အတွင်း နောင်ဖူကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကာ နေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးပြီး (၃၅)ဦး မီးဘေးသင့်၍ ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်နေ

မိုင်းခတ်မြို့နယ်အတွင်း နောင်ဖူကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကာ နေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးပြီး (၃၅)ဦး မီးဘေးသင့်၍ ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်နေ
မတ် 19, 2020
By Tachileik News Agency

မိုင်းခတ်မြို့နယ်အတွင်း နောင်ဖူကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကာ နေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးပြီး (၃၅)ဦး မီးဘေးသင့်၍ ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြိုနယ်အတွင်း နောင်ဖူကျေးရွာတွင် တောမီးကြောင့်နေအိမ် (၈)လုံး မီးလောင်ဆုံးရှုံးသွား၍ ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင်များ၏ အကူအညီလိုအပ်နေကြောင်း သိရသည်။

မီးလောင်တဲ့ အကြောင်းရင်းတော့ ဃဃနန တော့ မသိရဘူး၊ လောလောဆယ် ယူဆချက်ကတော့ တောင်ယာမီးကနေတဆင့် ကူးစက်လောင်ကျွမ်းတာပေါ့၊ အိမ်ခြေကတော့ စုစုပေါင်း (၉၀)ကျော်တော့ရှိတယ်၊ အခုလောလောဆယ် ဒီနေ့အတွက်တော့ ဘာမှ မလုပ်ပေးနိုင်သေးဘူး၊ မီးလောင်တဲ့ဟာကို မြို့နယ်က မီးသတ်ဦးစီးဌာနရယ်၊  နယ်မြေခံတပ်ရင်း တပ်ဖွဲ့ သူတို့လည်း လာပြီးတော့ အခြားအိမ်တွေကို ဆက်ပြီး မလောင်အောင်  ဝိုင်းငြိမ်းတာတွေ မီးကြွင်းမီးကျန်တွေ ရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်၊  ကျန်တဲ့ ကိစ္စတော့ ဘာမှ လုပ်ရသေးဘူးဗျ၊ ဒီမှာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေပေါ့၊ အများကြီးလိုအပ်နေတယ်

ဟု မိုင်းခတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၉)ရက်နေ့ ညပိုင်းက ပြောသည်။

မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ နောင်ဖူကျေးရွာတွင် ၂၀၂၀ခုနှစ် မတ်လတ်(၁၉)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင် အချိန်ကစ၍ တောင်ယာတောမီးမှ တဆင့်  မိနစ်(၄၀)ဝန်းကျင်အကြာ မီးလောင်ကျွမ်းခြင်း ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ကျေးရွာတွင်းမှ နေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးသွားရာ လူဉီးရေ (၃၅)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။

အခုလောလောဆယ်တော့ သူတို့အတွက် အဝတ်အစားတွေလည်း လိုနေတယ်၊ အခြေခံ စားသောက်ကုန်တွေလည်း လိုနေတယ်၊ သူတို့ အကူအညီတွေ လိုအပ်နေပါတယ်ရှင်

ဟု မီးဘေးသင့် ကျေးရွာသူ ကျေးရွာအတွက် ကူညီပေးနေသည့် နောင်ဖာလားဟူကျမ်းစာကျောင်းမှ ဆရာမဒေလီယာက ပြောသည်။၊

အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် စေတနာရှင်များအနေဖြင့် လှူဒါန်းလို၍ ဖြစ်စေ ကိုယ်တိုင်သွားရောက် လှူဒါန်းလို၍ ဖြစ်စေ ဆရာမဒေလီယာ ၏ ဖုန်း 09254173712 နှင့် ဆရာမမီဆော ၏ ဖုန်းသို့ 09428212973 ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - ဉီးအားမဲ

  


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~